Wednesday, March 31, 2010

Rapidshare နဲ့ Hotfile တို့မှ Premium Account နဲ့ဒေါင်းမယ်

ဒီတစ်ခါတော့ Software တွေ Portable တွေ တင်မှာမဟုတ်ပဲနဲ့ Internet User များအခက်အခဲဖြစ်နေကြတဲ့ ကိစ္စတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ Rapidshare နဲ့ HotFile တွေကနေ ဒေါင်းလုပ်ယူရမှာ Premium မရတဲ့အတွက် (ပြည်တွင်းအသုံးပြုသူများ) ဒေါင်းလုပ်ရာမှာ အဆင်မပြေဖြစ်ကြရပါတယ်။ အဲဒီအတွက် ကျနော် တွေ့ထားတဲ့ site လေးနှစ်ခုအကြောင်းကို ညွှန်းချင်ပါတယ်။ အဲဒီ site တွေမှာ ဒေါင်းလုပ်လင့်ကို ထည့်ပေးလိုက်တာနဲ့ Premium Account နဲ့ ဒေါင်းမှ ရနိုင်တဲ့ Download Link တွေကို ထုတ်ပေးပါတယ်။
Site (1)
http://www.linebay.com ကိုသွားရမှာပါ။ အဲဒီ site မှာတော့ rapidshare ရော Hotfile လင့်တွေအတွက် အဆင်ပြေပါတယ်။ အသုံးပြုပုံကလည်း ရှင်းပါတယ်။ အဲဒီဆိုက်ကို ရောက်သွားတာနဲ့ အောက်က ပုံထဲကလို တွေ့ရမှာပါ။ ဒုတိယပုံမှာ ပြထားတဲ့အတိုင်း ကိုယ် download လုပ်ချင်တဲ့ လင့်ကို ထည့်ပြီး Get Premium Link ကိုနှိပ်လိုက်တာနဲ့ လင့်အသစ်ထုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် အဲဒီလင့်နဲ့ Premium Account လိုဒေါင်းလုပ်ယူလို့ ရသွားပါပြီ။



Site(2)
http://public.rapidpremium.net ကိုသွားရမှာပါ။ ဒီ site မှာတော့ rapidshare အတွက် သိပ်အဆင်မပြေပါဘူး။ Hotfile အတွက်ပဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ site က IP တစ်ခုကို တစ်ပြိုင်တည်း ဒေါင်းမယ်ဆိုရင် လင့် ၄ ခုပဲ ဒေါင်းလုပ်ပေးနိုင်ပါတယ်။ အဲဒီ site ကိုဝင်မယ်ဆိုရင် ပထမဆုံး ဘယ်ဘက်အပေါ်ထောင့်မှာ ရှိတဲ့ username နဲ့ password နေရာတွေမှာ public ဆိုပြီး နှစ်ခုစလုံးကို ရိုက်ပြီး sign in လုပ်ရပါမယ်။ sign in ဖြစ်သွားရင် အောက်ဘယ်ဘက်ထောင့်မှာရှိတဲ့ Download ဆိုတာကိုနှိပ်ပြီး ၀င်ရပါမယ်။ ခဏစောင့်ပြီးရင် Box တစ်ခု ပေါ်လာပါပြီ။ အဲဒီ box မှာ ကိုယ်ဒေါင်းချင်တဲ့ download လင့်ကို ထည့်ပေးပြီး Download ကိုနှိပ်လိုက်တာနဲ့ လင့်အသစ်ထုတ်ပေးပါပြီ။ အဲဒီလင့်ကို download လုပ်မယ်ဆိုရင် premium account နဲ့ ဒေါင်းလုပ်ရသလို အဆင်ပြေပြေ ဒေါင်းနိုင်ပါလိမ့်မယ်။ အောက်က ပုံကိုကြည့်လိုက်ပါ...



အားလုံးအဆင်ပြေပြေ ဒေါင်းနိုင်ကြပါစေ.. အဆင်မပြေပါက Contact Me မှသော်လည်းကောင်း Comment ပေး၍သော်လည်းကောင်း ပြောထားခဲ့ပါခင်ဗျာ။

from http://thetnaing.myanmarbloggers.org

No comments:

Post a Comment

tell me somethings...!