Wednesday, March 31, 2010

နောက်ဆုံးချိန်ထိ............


စိန်ခေါ်ပြီးမှ၊ ထွက်ပြေးတာမျိုးလို
ခဏခဏ၊ သွေးတိုးမစမ်းပါနဲ့
ကြိုတောင်းပန် ထားခဲ့သော်လည်း
တဇွတ်တိုး နှလုံးသားအတွက်
အုပ်ထိမ်းသူ မဲ့ခဲ့ရ၏

ယ္ခု....အခါ
ချစ်ခြင်းတို့ မွေးဖွားခဲ့ဖူးသော အရပ်သည်
မီးခဲပြာဖုံးသည့် ပမာ
မှောင်မိုက်၍ အေးစက်နေသယောင်ရှိ၏
တစက်စက်ကျသော
စစ်သလင်ပြင်ကွင်းလယ်က ငါ့ နှလုံးသွေးတို့သည်
သက်ဆိုင်သူတို့ အတွက်
အိမ်မက်ဆိုးအဖြစ် ရေးမှတ်ကြကုန်မည်ကို စိုး၏

ကဲ.......အမိ .
ချစ်လွယ်ခဲ့သူ၊ ငါသည်လည်း
အမိ လာရာမှန်း
နောင်တမဲ့ ကမ်း၊ ခြေတစ်လှမ်းမရွေ့
နေ့တစ်ရက်၊ သွေးတစ်စက်မျှော
သေငယ်ဇောဖြင့်၊ ကျားကန်၍ မျော်လျက်သာနေ၏......။


(DeepCorner)

No comments:

Post a Comment

tell me somethings...!