Tuesday, March 30, 2010

အဖွား.....ထံသို့

အဖွား…..ရေ
သား သတိရခြင်းများစွားနဲ့ စာရေးလိုက်ပါတယ်… အဖွား ကျန်းမား၍ ရွင်လန်းပါစေလို့ … သား အမြဲဆုတောင်းပေးလျက်ပါ အဖွား… သား ပြန်လာတုန်း က အဖွားချက်ကြွေးခဲ့တဲ့ ထမင်းဟင်းတွေ သားသတိရနေတုန်းပဲ အဖွားရာ… ချိုင့်နဲ့ ထည့်ယူလာလို့ရရင် သား တစ်နှစ်စာလောက် ထည့်ယူလာခဲ့ပါတယ်…
မေကြီး ဒီကနေပြန်ရင် အဖွားအတွက် သား မွေးနေ့လက်ဆောင် ထည့်ပေးလိုက်မယ်နော်… အဖွားလိုတာမှာလိုက်နော်... သား ကတော့ တစ်နှစ်တစ်ခါပဲ ပြန်လို့ရမှာမလို့ပါ… တကယ်လို့ အဆင်ပြေရင် မေကြီး သာကေတကိုလာတဲ့ နေ့ သားဖုန်း ခေါ်လိုက်မယ်လေ … စကားပြောလို့ရတာပေါ့ … သား ထင်တာတော့ မေကြီးလည်း ကျူရှင်တွေနဲ့ မအားဘူးထင်တယ်… အဖွား လည်းတော်တော်ပင်ပမ်းနေလောက်ရောပေါ့… အဖိုးကိုလည်း ပြုစုရသေးတာကိုး… သား ဘယ်လိုလုပ်ပေးရမလဲမသိဘူး … သား ကလည်း အနားမှာ လာမနေပေးနိုင်ဘူး ဖြစ်နေတယ်… အဲဒီ အတွက် သားကိုခွင့်လွတ်ပါနော်… အမှန်တကယ်ပြောရရင် … သား ဒီမှာနေရတာ ရန်ကုန်မှာလောက် မပျော်ပါဘူး အဖွားရယ်… ဒီမှာ သူငယ်ချင်းကလည်း များများ စားစားမရှိ။ ဆွေမျိုးသားချင်းကလည်း မရှိ… မိသားစုဆိုပြင်တော့လည်း အမေတစ်ခု သားတစ်ခုလေ… ဒါတွေ ပြောရင် စိတ်မကောင်းဖြစ်တာပဲ ရှိပါတယ်…သား ကတော့ နေသားကျနေပါပြီ…
အမြဲတန်းလိုလို သားအဖွားကို သတိရနေပါတယ်… ထမင်းစားတာက အစ ရေးချိုးတာအဆုံး သားကို ဂရုတစိုက်နဲ့ ထားနဲ့ တွေကို သားဘယ်တော့မှာ မေ့မှာ မဟုတ်ပါဘူး … အဖွား လိုတာရှိရင် အမေနဲ့ မှာပါ…ဘာဖြစ်ဖြစ်သားရအောင် လုပ်ပေးပါမယ်... အားနာရမယ့် လူတွေမှမဟုတ်တာနော်… သား ဘ၀မှာ လေ သား မေကြီးရယ် အဖွားရယ် သားရဲ့ တကယ့် စံပြ သူရဲကောင်းတွေပါ…
အဖွား … သား လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် သင်္ကြန်မှာ ရန်ကုန်ကို တစ်ခေါက် ပြန်လာဦးမယ်…အဲ ကြရင် ထမင်းလာစားဦးမှာနော်… သား … ဒီမှာချက်စားနေရတာ တခါတလေ အဆင်မပြေဘူး … မချက်ချင်တော့ရင် ခေါက်ဆွဲပဲပြုတ်သောက်လိုက်တယ်… မရှိရင် အပြင်မှာဝယ်စားတယ်… ဒီလိုနဲ့ ပဲလုံးခြာပတ်ခြာလည်နေရော … အဖွားမြေးမလေး နှစ်ယောက်ကလည်း ဒီကိုလာကြတော့မှာဆိုတော့… အဖွား သူတို့ကို သင်ပေးလိုက်ဦးနော်… တော်ကြာ သား က ပြန်ချက်ကျွေးနေရဦးမယ်… မေကြီးပြန်ရင် သား ရဲ့ ဓါတ်ပုံတွေလည်း ထည့်ပေးလိုက်မယ် … သားကို အလွမ်းပြေကြည့်ဖို့ပေါ့… သား စားထပ်ရေးလိုက်ပါဦးမယ် … အဖွား … ပြီးတော့ အဖွားမှာချင်တာ ပြောချင်တာရှိရင် မြတ်သစ် နဲ့ ဖြစ်ဖြစ်၊ ဆုဆုနဲ့ ဖြစ်ဖြစ် ၊ မေကြီးနဲ့ ဖြစ်ဖြစ် မှာလိုက်ပေါ့ နော်….သား အဖွားကို သတိရနေတယ်…

အဖွား ရဲ့ မြေး
တေဇာ….

No comments:

Post a Comment

tell me somethings...!