Saturday, January 29, 2011

ပတ်ဝန်းကျင်ဆိုင်ရာ အကောင်းဆုံးဓာတ်ပုံများ

 

(၂၀၁၀) ခုနှစ်အတွက် ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အကောင်းဆုံး ရိုက်ကူးထားသည့် ဓာတ်ပုံလက်ရာများ။ (Ref: DailyMail)


ယင်းတို့အနက် မက္ကစီကိုရှိ ကယ်လီဖိုးနီးယက်ဆား ကမ်းခြေတွင် ဂျာမန်ဓာတ်ပုံဆရာ ဖလော်ရီယန်ရှူးဇ် ရိုက်ကူးထားသည့် မွန်ကီယာနာတစ္ဆေဟု ဒေသခံများက ခေါ်ဝေါ်သည့် ငါးလိပ်ကျောက် ထောင်ပေါင်းများစွာ ကူးခတ်ပျော်ပါးနေသော Flight on the rays ဓာတ်ပုံက အကောင်းဆုံး ရေအောက်ဓာတ်ပုံဆု ရခဲ့သည်



အသက်(၂၁)နှစ်အောက် ဓာတ်ပုံဆရာများအနက် ရာဒိုဆလက်ဗ် ရာဒိုဆလာဗော့ဗ် ဗယ်လ်ကော့ဗ်က ဘူလ်ဂေးရီယားရှိ နေအိမ်နောက်ဖက် ပန်းခြံတွင် ရိုက်ကူးထားသည့် The Fortuneteller (ဓာတ်လုံးဖြင့် ရှေ့ဖြစ်ဟောသူ) ဓာတ်ပုံက အကောင်းဆုံးဆု ရသွားသည်။ ယင်းသည် ယင်ကောင်လေးတစ်ကောင်က သစ်ကိုင်းတွင် ခိုတွဲနေသည့် ရေစက်ကို ထိတွေ့နေပုံအား ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားခြင်းဖြစ်သည်။



မြေအောက်ရှုခင်း အလှတွင်မူ ဟန်ဂေရီမှ ဘီလာနက်စ်ဖီး၏ Birthplace ဓာတ်ပုံက ဆုရခဲ့သည်။ အဆိုပါပုံတွင် ဟန်ဂေရီရှိ တောင်ကုန်းများတွင် နေထိုင်သည့် အညိုရောင် ဥရောပဖားများ၏ သောင်းနှင့်သိန်းနှင့်ချီ ပြွတ်ခဲနေသော ဥများကို လှပဆန်းကြယ်စွာ ရိုက်ကူးပြထားသည်။



မြောက်ဝင်ရိုးစွန်း အမှတ်အသားအဖြစ် စိုက်ထူထားသော ဆိုင်းဘုတ်အောက်ခြေတွင် ရေခဲများ အရည်ပျော်နေခြင်းကို ရိုက်ယူထားသည့် ဆူးဖလက်ဒ်စ်၏ “North Pole”ဓာတ်ပုံမှာလည်း ကမ္ဘာကြီး ပူနွေးလာခြင်းအား မီးမောင်းထိုးပြထားသည်။



သဘာ၀၀န်းကျင် ဓာတ်ပုံများတွင် အကောင်းဆုံး လက်ရာအဖြစ် ဆုရခဲ့သည်မှာ ဘန့်စ်မိတ်၏ ငှက်ပိတုန်း တစ်ကောင်နှင့် မြွေစိမ်းမြီးခြောက် တစ်ကောင်တို့၏ ရန်စောင်တိုက်ခိုက်နေသော “Battle”အမည်ရှိ ဓာတ်ပုံဖြစ်သည်။



Home Sweet Homeဆိုသော ဓာတ်ပုံမှာမူ အသက်(၁၆)နှစ်အောက် ပြိုင်ပွဲတွင် ဆုရခဲ့သည်။ အဲလက်စ်မတ်တူနန် ရိုက်ကူးခဲ့သော ယင်းပုံတွင် ပုလင်းတစ်လုံး၏ ထိပ်ပိုင်းမှ ပြတ်နေသော ဖန်ထိပ်ဝအား အိမ်သဖွယ်ပြုလုပ် နေထိုင်သည့် ၀င်ကစွပ်ကောင်လေးအား မှတ်တမ်းတင်ထားသည်။



ကေဒိုဟက်ဂန်၏ Hide and Seekအမည်ရှိ ဓာတ်ပုံမှာ ဆုမရခဲ့သော်လည်း ရေအောက်ဓာတ်ပုံဆု နောက်ဆုံးအဆင့်ထိ ရွေးချယ်ခံရသည်။ အဆိုပါပုံမှာ အက်စတိုးနီးယားရှိ၊ ဗီလ်ဆန်ဒီကျွန်းအနီး ရေမှော်များကြား ပုန်းခိုနေသည့် မီးခိုးရောင် ဖျံငယ်လေးတစ်ကောင်အား ရိုက်ကူးလာခြင်းဖြစ်သည်။



သဘာ၀၀န်းကျင်ဆိုင်ရာ ဓာတ်ပုံများတွင် နောက်ဆုံးအဆင့်ထိ ရွေးချယ်ခံရသော ဂျူလီယန်နီဘိုဆာ၏ ဓာတ်ပုံတွင် ကျောက်တုံးကို ရိုက်ခတ်ပြီးနောက် ရောင်စုံဖြာ ပြန့်ကြဲသွားသည့် လှိုင်းလုံးတစ်ခုအား အနုစိတ် ရိုက်ကူးပြသထားသည်။ Waveဟု အမည်ပေးထားသည့် ယင်းပုံကို ဩစတြေးလျရှိ ရွှေရောင်ကမ်းခြေတွင် ရိုက်ယူခဲ့ကြောင်း သိရသည်။

Source: http://www.planet.com.mm/news/read.cfm/id/15968

No comments:

Post a Comment

tell me somethings...!