Wednesday, October 27, 2010

Rule of Third

Composition နဲ့ ပတ်သက်ပြီး Rule of Third ဆိုတဲ့ အကြောင်းလေး ရှယ်ချင်လို့ပါ။ ဘာသာပြန်ထားတာပါ။ လေ့လာကြည့်ကြပါ။



Rule of Third ရဲ့အခြေခံကတော့ ရိုက်ကူးမည့်ပုံကို အလျားလိုက်နဲ့ ဒေါင်လိုက် သုံးခြမ်း ခြမ်းလိုက်တာပါပဲ၊ အဲလိုဆိုတော့ အောက်ပုံအတိုင်း အပိုင်း ၉ ပိုင်း ထွက်လာမှာပေါ့၊



ကိုယ် ရိုက်မယ့် ရှုခင်းကို ကင်မရာ ကနေကြည့်နေတဲ့အချိန်မှာ အဲဒီလို အပိုင်းတွေခွဲပြီး စိတ်ထဲကနေ ပုံဖော်ကြည့်ပါ။ အဲဒီလိုကြည့်ရင်း အရေးပါတဲ့ လေးနေရာ (အလယ်က ဒေါင့်လေးဒေါင့်) မှာ ရိုက်ချင်တဲ့ လူ၊ အရာဝထ္တု သို့ အဆောက်အဦ စသဖြင့်ကို တည်ထားရပါမယ်။ ဒါမဟုတ် အောက်ကပုံအတိုင်း မျဉ်းဖြောင့် လေးခုပေါ်မှာလဲ ကိုယ်ရိုက်မယ့် object ကို တင်ထားပြီး ရိုက်နိုင်ပါတယ်။



ဒီနည်း ရဲ့အခြေခံကတော့ လူတွေ အဆောက်အဦတွေကို ဒေါင့်တွေ လိုင်းတွေပေါ်မှာ တင်လိုက်ခြင်းအားဖြင့် ထွက်လာမယ့် ပုံဟာ ပို အချိုးအစားကျနပြီး ကြည့်သူကိုလဲ သဘာဝနဲ့ နီးနီးစပ်စပ် ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ လူတွေဟာ ပုံများကို ကြည့်တဲ့အခါ ပုံရဲ့အလည်ဗဟိုတည့်တည့်ထက် အခုနက ပြောခဲ့တဲ့ နေရာတွေကို တန်းကြည့်တတ်တဲ့ သဘောရှိပါတယ်။

အထက်က နမူနာ ပျားပုံအပြင် အောက်မှာဆက်ပြီး ဒီနည်းနဲ့ရိုက်ထားတဲ့ ပုံတွေကို လေ့လာကြည့်ပါ။



copy from: http://mmcybermedia.com/community/index.php?topic=30995.45

No comments:

Post a Comment

tell me somethings...!