Wednesday, October 27, 2010

Rule of Framing

Rule of Framing
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရိုက်ခဲ့ တဲ့  ဓါတ်ပုံလေးတွေကို ဓါတ်ပုံဘောင်လှလှလေးတွေမှာ ထည့်သွင်းလေ့ရှိပါတယ်။ ဒါဟာဘာကို ဆိုလိုတာလဲ ဆိုတော့ ကျွန်တော်တို့  အမြတ်တနိုးရှိတဲ့  ဓါတ်ပုံလေးကို ထင်သာမြင်သာအောင် ကြည့်တဲ့ သူတွေစိတ်ဝင်စားမှု ရှိအောင် ပြုလုပ်လိုတဲ့  သဘောပါပဲ။ ဒီသဘောတရားကို  အသုံးချပြီး ကျွန်တော်တို့  ရိုက်တဲ့ဓါတ်ပုံလေးတွေကို သဘာဝဘောင်လေးတွေ ခတ်ကြည့်ရင် ထူးခြားဆန်းသစ်တဲ့ အမြင်ဆန်းဆန်း ဓါတ်ပုံလေးတွေ ရရှိလာပါတယ်။ ဥပမာ အားဖြင့် သစ်ရွက်သစ်ခက်လေးတွေ ကို အသုံးချပြီး ကိုယ့် ရိုက်လိုတဲ့ အရာဝထ္ထုကိုဘောင်ခတ်ကြည့်တာမျိုး.. သဘာဝ အတိုင်းရှိနေတဲ့ အရာဝထ္ထုတွေကို ကိုယ်ရိုက်လိုတဲ့ အရာဝထ္ထုရှေ့ မှာ ဘောင်သဘောမျိုး ထားရိုက်တာမျိုး အစရှိသည်ဖြင့် ဖြစ်ပါတယ်။ ခုကျွန်တော် နမူနာတင်ပေးထားတဲ့ ပုံလေးတွေကို ကြည့်ခြင်းအားဖြင့် ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည် သဘောပေါက်နိုင်ပါလိမ့်မယ် ခင်ဗျား..။





copy from: http://mmcybermedia.com

No comments:

Post a Comment

tell me somethings...!