Wednesday, October 27, 2010

Rule of Leading Lines


ကျွန်တော်တို့ တစ်တွေ ဓါတ်ပုံတစ်ပုံကို ကြည့်လိုက်တဲ့အခါမှာ သဘာဝအားဖြင့် ကျွန်တော်တို့  မျက်လုံးဟာ မျဉ်းကြောင်းတွေအတိုင်း မျောပါသွားလေ့ရှိပါတယ်။ ဒီသဘောတရားလေးကို အခြေခံပြီး ကျွန်တော်တို့ ဟာ မျဉ်းကြောင်းတွေကို အသုံးချလို့  ဓါတ်ပုံတစ်ပုံကို ဖွဲ့ စည်းပုံ ကောင်းအောင် ကြည့်ရှုသူကို ကိုယ်လိုချင်တဲ့ အရာဆီကို ဆွဲခေါ်သွားနိုင်အောင် မြင်ကွင်းလေးတစ်ခုအပေါ်စီးမျောဝင်သွားအောင် ဖန်တီး ယူနိုင်ပါတယ်။ ဒီနေရာမှာ မျဉ်းတွေဟာ အမျိုးမျိုး အထွေထွေသော ပုံစံများစွာ တည်ရှိနိုင်ပါတယ်။ တစ်ချို့ က ဖြောင့်တန်းနေမယ် တစ်ချို့ က ထောင့်ဖြတ်တည်ရှိနေမယ် ကွေ့ ကွေ့ ကောက်ကောက် တစ်မျိုး Zig Zag တစ်မျိုး ခရုပါတ်ခွေတစ်မျိုး စသည်လည်း ရှိနေမယ်။ အကောင်းဆုံးအသုံးချနိုင်အောင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးတွေနဲ့ တွဲပြီး လေ့လာကြည့်ကြပါဦး နော်....။









copy from: http://mmcybermedia.com

No comments:

Post a Comment

tell me somethings...!