Friday, March 26, 2010

"စိုးထိတ်နေရသူပါ"

တမ်းတ တခါ
ဆွေးတစ်လှည့်
ပြေးထွက်ရက်သူ ကိုမှ
ရင်နင့်အောင်ဆူး
ငါ ဘယ်သူကိုမှ
"မချစ်ဘူး.... မချစ်ဘူး"လို့
အားကုန်ဟစ်ကြွေး
သူ..........
ကြားသွားမှာလည်း စိုးရသေးသည်။

သန်းခေါင်ကျော်ညရဲ့ ခြေသံလိုလိုပါ
မျက်လုံးကို ဇွတ်မှိတ်
ခြောက်ချား စိတ်တွေနဲ့
လက်တစ်ဖက်ကို ဖက်တွယ်ထားရင်း
ငါ့ မီးစာလေး လေအတိုး
မှောင်ရိပ်ပျိုး သွားမှာလည်း စိုးရသည်။

ရောက်မလာတော့မယ့်
မနက်ဖြန်မှာ
ဟိုး............အဝေးရောက်
အလင်းပျောက်ကို ရှာရင်း
ရယ်သံသောသောလေး ကြားလိုက်တယ်
မလှောင်ကြပါနဲ့ဗျာ
တစ်ယောက်တည်း မောမောနေလို့ပါ။



(DeepCorner)

Monday, March 22, 2010

မေကြီးဆီသို့....

မေကြီးရေ…

သား တော့ ဒီနှစ် ၂ လပိုင်းနဲ့ ၃ လပိုင်းက တော်တော်ကြာတယ်လို့ ထင်မိတယ်… သား မေကြီးကို အရမ်းတွေ့ချင်နေပြီ… သား ဒီမှာ မေကြီးနေဖို့အတွက် အစစအရာရာ အားလုံးစီစဉ်ထားပြီးပြီ … အားလုံးလဲအဆင်သင့်ဖြစ်နေပြီ … မေကြီးရော စာတွေသင်နေရတာ နဲ့ ပင်ပမ်းနေပြီလား … ဒီရောက်မှ အားရပါးရနားပေါ့နော် … မေကြီး ဒီကိုရောက်ရင်နေရမယ့် အိမ်လိပ်စာက …. BLK- 589 B, #08-162

MONTREAL DRIVE, SEMBAWANG

SINGAPORE, (S 752589).

ဒါက သားရဲ့ ဖုန်းနံပါတ်ပါ… HP: 93365107

အိမ်ကအသစ် မေကြီးရ သားတောင် မေကြီးမရောက်ခင် 01.04.10 နေ့မှ အဲကို ပြောင်းရမှာ … အဲတာ ဟိုတစ်နေ့က အဲအိမ်အတွက် Internet Plan သွားလျောက်တော့… ကွန်ပြူတာတစ်လုံး လက်ဆောင်ရတယ် … တော်တော်လှတယ် … Lenovo Idea Center A300 (All-in-one)



Screen က ၂၁ လက်မ ကျယ်တယ် … အမေသားကိုဝယ်ပေးတဲ့ ကွန်ပြူတာလို ဘေးမှာထောင်ထားရတဲ့ System ပုံးကြီးမပါဘူး အမေရဲ့ … အဲပုံးအစားချုံ့ပြီးတော့ Screen အောက်က အဖြူရောင်လေးထောင့်ပြားလေးထဲ အကုန်ထည့်ထားတာ … Keyboard နဲ့ Mouse ကလည်းကြိုးတွေမပါတော့ဘူး… အမျက်စိရှုပ်သက်သာတာပေါ့နော် … ပြီးတော့ ကံစမ်းမဲနိုက်တာ Pioneer DVD Player တစ်လုံးနဲ့ Pioneer Home Theater တစ်စုံ ရတယ်… ရှယ်ပဲ….

အမေ့အတွက် ဒီမှာကတော့ အာလုံးက ရေကန်အသင့် ကြာအသင့်ပါပဲ… အေးအေးဆေးဆေးနားပေါ့နော် … အစကတော့ သားဒီကိုရောက်ရောက်ချင်း အရင်နှစ်ကတည်းက သားမေကြီးကိုခေါ်ချင်နေတာ … ဒါပေမယ့် အဲတုန်းက သားကသူများအိမ်မှာနေရတာဆိုတော့ အမေ ရောက်လာရင် မျက်နှာငယ်ရမှာဆိုးတာကြောင့် သား ပိုက်ဆံစုနေလို့ နဲနဲကြာသွားတယ်… ခုတော့ မေကြီး ဘယ်သူမျက်မှ ကြည့်နေစရာမလိုဘူး အေးဆေးနေလို့ရသွားပြီ… ပရိဘောဂတွေလည်း စုံနေပါပြီ … အမေ့တွက် လိုတဲ့အ၀တ်အစားတို့ ဖိနပ်တို့ကတော့ အမေလာမှလျောက်ဝယ်ကြတာပေါ့ ဟုတ်ဘူးလား …

အရေးကြီးတာတစ်ခုက အမေ ဒီကိုလာမယ့် ၀၃.၀၄.၁၀ နေ့ မှာ လေယာဉ်မထွက်ခင် ၂ နာရီလောက် လေဆိပ်ကို ကြိုသွားရပါမယ်… ပြီးတော့ အမေ့လက်ထဲမှာ အလွယ်တစ်ကူ ထုတ်လို့ထည့်လို့ရတဲ့ ပိုက်ဆံအိပ်တစ်လုံးပါမယ်… အ၀တ်အစားတစ်ချို့ထည့်ထားတဲ့ … အိပ်တစ်လုံးပါမယ်… အ၀တ်အစားအိပ်က လေယာဉ်ပေါရောက်ရင် ထိုင်ခုံအပေါက BOX တွေထဲထည့်ထားရမှာပါ … အဲတာကြောင့် အမေ့ရဲ့ လက်ထဲမှာ ကိုင်ထားမယ့် ( မကြီးမသေး) ပိုက်ဆံအိပ်ထဲကို အမေ့ရဲ့ Passport, White Card , Visa , လေယာဉ်လက်မှတ် , ဘောပင်တစ်ချောင်း (မှင်အဆိုမဟုတ်တဲ့ အပြာရောင်) နဲ့ တစ်ခြားစာရွက်စာတန်းတွေကို သီးခြားစီထည့်ထားပါ… အဲလေဆိပ်ရောက်တာ နဲ့ ဘယ်မှာ Check in ၀င်ရလည်း မေးကြည့်ပါ … ဘာလို့လည်းဆိုတော့ သားပထမဆုံးစင်ကာပူကိုလာတုန်းက Check in ကို (အထုတ်တွေ စစ်တဲ့ ဂိတ်မ၀င်ခင် ) အပြင်မှာ လုပ်ရတယ်… ရန်ကုန်ကို အလည်လာပြီးပြန်တုန်းက Check in ကို အထုတ်တွေစစ်ပြီး အထဲရောက်မှ လုပ်ရတယ် … အဲလို အပြောင်းအလဲ ရှိတက်တော့ လေဆိပ်ကမှာမေးကြည့်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်… ပြီးရင် အထုပ်ကို စစ်တဲ့နေရမှာစစ်ပြိးရင် ကိုယ့်အထုတ်ကိုယ် သယ်ပြီး လေယဉ်ပေါကိုသွားရမှာ လေယာဉ်ပေါတက်ဖို့ ခဏစောင့်ရတယ်… လေယာဉ်ပေါ်မတက်ခင် အမေ့ လေယာဉ်လက်မှတ်နဲ့ လေယာဉ် ခုံနံပါတ်ဖြတ်ပိုင်းလေးတစ်ခုကို လဲပေးလိမ့်မယ်… လေယာဉ်ပေါ်ရောက်ရင် ခုံနံပါတ်ကိုရှာ… ပြီးရင် အ၀တ်အစားအိပ်ကို ခေါင်းပေါ်က BOX ထဲထည့်ရတယ်… မနိုင်လို့ရှိရင် လေယာဉ်မယ်တွေကို အကူအညီတောင်းပြီးထည့်ခိုင်လို့ရတယ်… အဲလေယဉ်ပေါ်မှာ ချိတ် or ပါတိတ် ၀မ်းဆက် ၀တ်ထားတဲ့ ဗမာ အမကြီး ၂ ယောက်ပါတယ်… ၀တ်စုံက အရောင်မတူဘူး တစ်ယောက်က MAI အတွက်လေယာဉ်မယ်… နောက်တစ်ယောက်က Jetstar အတွက်လေယာဉ်မယ်… နှစ်ယောက်လုံးတစ်ဘောကောင်းတယ် …လှလည်းလှတယ်…ဟီဟိ… ပြီးရင်လေယာဉ်စထွက်ပြီဆိုတာနဲ့ သူတို့က ခရီးသည်တွေ သိသင့်တာတွေကို ကြေငြာပေးလိမ့်မယ်… ခါးပတ် ပတ်ဆိုပတ်လိုက်ပေါ့ …သူတို့ပြောတာတွေကို လိုက်လုပ်ဖို့တော့လိုတယ်… လေယဉ်ကစပြီး တက်ပြီဆိုတာနဲ့ နားနဲနဲ လေထွက်ပြီး အူးလာလိမ့်မယ်…ပြီးတော့ စကားပြောရင် ကိုယ့်အသံတောင်ကိုယ်မကြားဘူးဖြစ်မယ်… မစိုးရိမ်နဲ့သိလား… လေယာဉ် ကောင်းကင်ပေါရောက်လို့ ငြိမ်သွားပြီးဆိုရင် လေယာဉ်မယ်က ခါးပတ်တွေ ဖြုတ်လို့ရပါပြီး ထလို့ရပါပြီး ပြောရင်တော့ အပေါ့ အပါးသွားချင်ရင်လည်းရတယ်… Toilet က လေယာဉ်ရဲ့ အနောက်ပိုင်းမှာရှိတယ်… ခဏနေရင် လေယဉ်မယ်တွေက အစားအသောက်တွေလာပေလိမ့်မယ်… Main Food အနေနဲ့ကတော့ ပုံမှန်ဆို chicken ရယ်၊ Sea Food ရယ်ပေါ့ … ဘယ်ဟာစာမလဲမေးရင် Chicken က အမေ့အတွက် ပိုဆင်ပြေပါလိမ့်မယ်… Chicken ယူမယ်လို့ပဲပြောလိုက်ပေါ့နော်…Drink အနေနဲ့ကတော့ Cold drink တွေမှာ Coca Cola ( Coke) သောက်တာ အဆင်ပြေပါတယ်… Beer တော့ သောက်နဲ့ဦး စိတ်ထိမ်းထား အိမ်ရောက်မှတိုက်မယ်လေနော်…Hot Drink အနေနဲ့ကတော့ coffee and tea ပေါ. … ကြိုက်တာသောက် သားကတော့ အအေးပဲသောက်စေချင်တယ်… လေယာဉ်ပျံသန်းချိန်က ၂ နာရီ လောက်ကြာမယ် … အိပ်ချင်လည်းအိပ်ပေါ့… မအိပ်ချင်လည်း ခုံရှေ့မှာ စာစောင်တွေရှိတယ် … အပျင်းပြေဖက်ပေါ့နော်… လေယာဉ် ပြတင်းပေါက် ဘေးမှာနေရာရတယ်ဆိုရင်တော့ တိမ်တွေနဲ့ ရူခင်းတစ်ချို့ကို ကြည့်လို့ရတာပေါ့…လေယာဉ်က စင်ကာပူရောက်ခါနီးရင် လေယာဉ်မယ်တွေက ခါးပတ် ပတ်ထားဖို့ ပြန်ပြောလိမ့် မယ် … လေယာဉ် မြေပေါ်ရောက်လို့ ထလို့ရပြီလို့ပြောရင် အမေ့အရဲ့ အ၀တ်အစားထုတ်ကို ခေါင်းပေါ်က Box ထဲကနေယူပါ… ပြီးရင်အပြင်ကို ဖြေးဖြေးထွက်လာခဲ့ပေါ့

… ဘယ်ကိုသွားရမှန်းမသိသေးရင် … လမ်းညွန်ဆိုင်းဘုတ်တွေကို ကြည့်ပြီးသွားလို့ရတယ်… အမေက Arrival Hall ဆိုတဲ့ မျှားအတိုင်းလိုက်လာရမှာ … တော်တော်လေးတော့ လျောက်ရတယ်…





လွယ်ပါတယ်… တကယ်လို့ အဆင်မပြေရင် လေယာဉ်ပေါကအတူတူထွက်လာတဲ့ လူတွေကိုမေးလို့ရပါတယ်…လေယဉ်တစ်စီးလုံး ၈၀ % က မြန်မာတွေပဲလေ…ပြီးတော့

အမေကို ဒီစာနဲ့ အတူ White Card ၂ ခုထည့်ပေးလိုက်တယ်… တစ်ခုက ဖြည့်ပြီးတား အမေလက်မှတ်ထိုးယုံပဲ… တစ်ခုကတော့ အပိုပေါ့ လိုရင်သုံးဖို့ …



ဒါမျိုးလေးပါ … White Card လို့ခေါကျတယ်… စင်ကာပူလေဆိပ်ရောက်လို့ Emigration ကိုဖြတ်တဲ့ အခါ Passport, Visa တို့နဲ့အတူတူပြရမှာပါ… အဲကျရင် Officer က White Card ရဲ့ ကြီးတဲ့အပိုင်းကို ဖြဲယူထားလိမ့်မယ် … ခုပုံမှာပြထားတဲ့ အပြာရောင်ဘောင်ကွတ်ထားတဲ့ အပိုင်းလေးကို အမေ့ကိုပြန်ပေးလိုက်လိမ့်မယ် … အဲဒီ ဖြတ်ပိုင်းအသေးလေးကို Passport နဲ့ အတူသိမ်းထားရမှာပါ … အဲဒီ Emigration ဂိတ်ကို ဖြစ်ပြီးတာနဲ့ အမေနဲ့ သားနဲ့ တွေ့ရပြီလေ … သား မျှော်နေမယ်နော် … မေကြီ…

မေမေချစ်တဲ့ သား

တေဇာ

အမုန်းခံဘဝ

ဟော ကြည့်ပါဦးဗျာ
အခန်းထောင့်က ပင့်ကူနက်ကြီး
သူ ရဲ့ နှလုံးသား အစာအဟာရအတွက်
ဦးနှောက်တွေကို အရှင်လတ်လတ်ဖေါက်စားနေသလို
ကမ္ဘာကြီးဘယ်ဘက် လည်နေသလဲဆိုတာထက်
ဟစ်တလာရဲ့ အိမ်မက်တွေကို
ပိုပြိး စိတ်ဝင်စားခဲ့ကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
သိမ်ငယ်စိတ်တွေနဲ့ ပုန်းလျှိုးနေသူကို
မကြောက် ကြောက်အောင် ခြိမ်းခြောက်တက်တဲ့ ပတ်ဝန်းကျင်ကြီးပါ။
အမုန်းဒဏ်ကို အလူးအလဲခါးစီးခံနေရသူရှေ့မှာ
အားရပါးရ လှချင်တိုင်းလှ ချစ်ချင်တိုင်ချစ်ပြနေကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
ရှုံးသင့်လို့ ရှုူံး ၊ ဆုံးသင့်လို့ ဆုံးခဲ့တာဆိုရင်
နှုတ်ဆိတ်နေယုံပေါ့၊
ခုတော့ အမုန်းတစ်ပွင့်ကြောင့် ပင်လုံးပျောက် ခဲ့ရပြန်ပြီ..။
ရှိစတော့ ငါ့ကိုယ် ငါ ပျိုး ဒီမြေဇာမျိုးမှာ
အဘယ်အမုန်းပင်မျှ မရှင်သန်စေရ
နောင် အခါ ဒီကမ္ဘာမှာ
မုန်းရန် မုန်းကြွင်း မုန်းရိပ်ကင်း၍ လင်းမည်ဆိုလျင်
ငါ အသက်ရုပ်ကြွင်းတို့ဖြင့် နေရာမလပ်အောင်
အကြိမ်ကြိမ် အခါခါ မွမ်းမံခွင့်ပေးပါအံ့..။

Monday, March 15, 2010

ကံစမ်းမဲပေါက်ခဲ့တယ်.......

်မေကြီးရေ ...သား ...ဒီနေ့
သောကြာနေ့ ( ၁၂.၀၃.၁၀ ) ညနေဘက် ရုံးကနေအပြန် ၂၀၁၀ အိုင်တီရှိုးပွဲသွားဖြစ်ခဲ့တယ်... အကြောင်းကတော့ ၃၁.၀၃.၁၀ မှာပြောင်းမဲ့ အိမ်အသစ်အတွက် အင်တာနက်လျောက်ဖို့ပေါ့...Singapore ရဲ့ ထုံးစံအတိုင်းပေါ့ ရှင်းရှင်းလေးကို ရှုပ်ယုက်ခက်အောင်ရေးထားတဲ့ သူတို့ရဲ့ စာပေအနှပညာကွပ်မြူးမူတွေအောက်မှာ ၂ နာရီလောက်လုံးလည်ချာပတ်လည် လိုက်ပြီးတဲ့နောက်မှာ နောက်ဆုံး ...အစစအရာရာပါအဆင်ပြေနိုင်မယ်ထင်တဲ့ ဒီPlan လေးကိုရွေးဖြစ်တယ် ... Starhub ကပါပဲ...

အဓိက ကတော့ Lanovo Idea Center A300 ကို လက်ဆောင်ပေးမယ်ဆိုတာရယ်...
100 Mbps speed ရလို့ရယ်ပါ...


ဒါပေမယ့် အမေ့သားရဲ့ ထုံးစံအတိုင်းပေါ့ တန်းစီပြီခါမှ အိမ်ငှားစာချုပ်မပါလို့တဲ့ နှစ်ခေါက်ပြန် နှစ်ခါလုပ်ရတဲ့ ပုံစံပဲဖြစ်လာတာပါပဲ...အဲတာနဲ့ အိမ်ပဲပြန်လာခဲ့လိုက်တယ်...

စနေနေ့ မနက်စောစောထပြီး အိုင်တီရှိုးပွဲက Starhub ကိုအပြေးသွားတယ်...သူတို့ Starhub ရဲ့ ဘယ် service နဲ့ပဲဖြစ်ဖြစ် ပထမဆုံး customer ၁၀၀ ကို Golden Village က movie tickets ၂စောင် နဲ့ pop corn tickets တွေ ပေးမယ်ဆိုတာကိုး...။ ရောက်ပါတယ် မနက် ၁၀း၃၀ လောက် ... စဖွင့်မှာက ၁၁း၀၀ နာရီဆိုတော့ အေးဆေးပဲပေါ့...ဆိုပြီးတက်သွားလိုက်တာ တန်းစီနေတဲ့ အတန်းကြီးက ပဲခူးနဲ့ သန်လျင်လောက်ရှည်မယ်ထင်တယ်...စိတ်ကိုတော့ လျော့လိုက်တယ်... "အော် ပထမဆုံး customer 100 မှာ ငါ မပါနိုင်တော့ဘူးလို့ပေါ့..." ဘာပဲဖြစ်ဖြစ်အဓိကလိုရင်က Internet Line လျောက်ရမှာဆိုတော့ ၀င်တန်းစီလိုက်ပါတယ်... လူဘယ်လောက်များလဲတော့မသိဘူးနော်...၁၀း၃၀ ကနေစတန်းစီလိုက်တာ ၃း၀၀နာရီထိုးကျော်မှ အကုန်ပြီးတယ်...ပြီးတော့ Modem ၂လုံးဝယ်လိုက်ရတယ်...

တစ်လုံးက အိမ်ဖုန်းသုံးနိုင်ဖို့အတွက် (voice enable modem)

နောက်တစ်လုံးက 100 Mbps speed ကို support လုပ်ပေးနိင်တဲ့ (Motorola Surfboard extreme cable modem)


၂ ခုလုံးကတော့ cable modem တွေကြီးပဲ... wireless သုံးဖို့အတွက်ကတော့ wireless router ထပ်ဝယ်ရမှာပေါ့... Starhub ကတော့ modem ပဲရောင်းပေးတယ်လေ... အစကပစ္စည်းတွေ အများကြီးသယ်ရမယ်ထင်တာ...နောက်တော့ modern ၂ လုံးပဲသယ်ရမလိုဖြစ်နေတယ်... Lenovo Idea Center A300 ကလည်း ၂၄.၀၄.၁၀ ကြမှ Funan မှာသွားထုတ်ရမှာတဲ့လေ...အဲတာနဲ့ ဗိုက်လည်းဆာနေတာ့ အိမ်ပဲတန်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တယ်... အပေါက်ဝရောက်တော့ လူတွေတန်းစီနေတဲ့ ကောင်တာတစ်ခုကိုတွေ့ပြန်ရော... မယောင်မလည်နဲ့ ဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ ... သိသွားတယ်... ဘောက်ချာပြပြီးကံစမ်းမဲနှိက်ရတာဖြစ်နေတယ်... ဘယ်ရမလဲ အဲတာမျိုးကတော့ ဗိုက်ဆာတာ ပါမေ့သွားတယ်...တန်းစီရင်းနဲ့ အရှေ့ကလူတွေဘာရလဲ စောင့်ကြည့်နေတာ sony earphone လေးတစ်ခုရတာပဲတွေ့သေးတယ်...အဲတာနဲ့... သားအလှည့်လည်းေ၇ာက်ရော (ဘာပဲဖြစ်ဖြစ်ရင်တော့ခုန်နေတယ်) ကောင်တာက ကောင်မလေးကို ဘောက်ချာပေးလိုက်တယ်...တံဆိပ်တုံးထုပြီး စာအိပ်တစ်အိပ်နဲ့ ဘောက်ချာပြန်ပေးတယ်... ဘာဆက်လုပ်ရမှန်းမသိတာနဲ့ ကောင်တာက နောက်ထပ်အကိုးကြီးတစ်ယောက်ကိုမေးလိုက်တယ်... ဒီစာအိပ်ကဘာလဲပေါ့...အဲတော့ သူက ကပြာကယာနဲ့ စာအိမ်ကိုလှန်းယူပြီး..."ဒါရုပ်ရှင်လက်မှတ်ပါတဲ့ ...မှားပေးမိတဲ့ အတွက် တောင်ပန်းပါတယ်တဲ့... သတ်မှတ်ထားတဲ့ အယောက် ၁၀၀ ကျော်သွားလို့ပါတဲ့..." စိတ်ထဲမှာနဲနဲတော့တင်းသွားတာပေါ့...လက်ထဲပူအောင်တောင်မကိုင်လိုက်ရတဲ့ ရုပ်ရှင်လက်မှတ်ကို ပြန်ယူသွားတယ်လေ... ဒါပေမယ့် ကံစမ်းမဲတော့ နှိပ်လို့ရပါသေးတယ်တဲ့... အဲတာနဲ့ တင်းတင်းနဲ့ ဇွတ်နှိက်လိုက်တယ်(ကံစမ်းမဲပုံးထဲကို) စာရွက်ခေါက်လေးတစ်ခုပါလာတယ်... Stapler နဲ့ ချုပ်ထားတယ် ... ဖြည်ကြည့်မယ်လည်းလုပ်ရော...ကောင်တာက အကိုကြီးက ဆက်ကနဲယူသွားတယ်( ခါးပိုက်နှိက်ကြနေတာပဲ) သူဖြည်ပေးမယ်ပေါ့... ပြီးတော့ သူဟာသူကြည့်တယ်( ကံစမ်းမဲစာရွက်ကို) ...တစ်ချက်ပြုံးပြတယ်...ကံစမ်းမဲစာရွက်လေးယူပြီးထဲဝင်သွားတယ်...တခြားအကိုကြိးတစ်ယောက်က ပုံးကြီး၂ ပုံးမပြီးထွက်လာတယ်...ပြီးတော့ ကျွန်တော်ရဲ့ ရှေ့တည့်တည့်က ကောင်တာမှတင်ပြီးတွန်းပေးတယ် ... "အဲတာ ကျွန်တော်ဟာမဟုတ်ပါဘူးလို့ပြောလိုက်တာပေါ့နော်"...အဲအချိန်မှာခုဏက ကျွန်တော်ကံစမ်းမဲ စာရွက်ယူသွားတဲ့ အကိုကြီးကထွက်လားပြိး "ဒါတွေက မင်းကံစမ်းမဲပေါက်လို့ပေးတာတဲ့" အဲလိုပြောတော့... တော်တော်ပျော်သွားတယ် ... ရုပ်တရက်ထီပေါက်လိုက်သလိုပဲ ... ဒါပေမယ့် အပျော်ကိုချက်ခြင်းရပ်၊ မျက်နှာပိုးကိုသပ်ပြီး ပေးတဲ့ ပုံးနှစ်ပုံးကို(ဘာပုံးတွေမှန်းတော့ ချက်ခြင်းမသိသေးဘူး) မပြီး မနိုင်မနင်းနဲ့ ထွက်လာလိုက်တယ် ...ကောင်တာနဲ့ ဝေးတဲ့နေရာကိုပေါ့...တော်ကြာ ရုပ်ရှင်လက်မှတ်လို "မှားသွားလို့နော်" ဆိုပြီးပြန်တောင်းရင် ဒုက္ခ။ မြေညီထပ်ကိုဆင်းဖို့ Life နားရောက်တော့ ပုံးတွေချပြီးသေချာကြည့်တော့မှ....

Pioneer DVD Player တစ်လုံးနဲ့ Pioneer Home Theater တစ်စုံ ဖြစ်နေတယ်...အိမ်အသစ်ပြောင်းရမှဆိုတော့ အတော်ပဲ... မိုးနက်မင်းကြီးကိုကျေးဇူးတင်လိုက်တာနော်....(မိုးတအားမရွာလို့)...Panizula ကိုပြန်ပြေးရဦးမယ်လေ ... ထမင်းလည်းမစားရသေးဘူး... ဆံပင်လည်းညှပ်ချင်တယ်... တစ်ယောက်တည်း သယ်ရတာလဲ အဆင်မပြေတော့ Pooh ကိုပဲ ဖုန်းဆက်ပြီးခေါရတော့တာပေါ့... အစကတော့ မနက်ကတည်းက pooh ကရုံးဆင်းရင်လိုက်လာမယ်တဲ့...ဒါပေမယ့် နောက်တော့သူစိတ်ပြောင်းသွားတယ်ထင်တယ်...ပင်ပန်းလို့တဲ့ အိမ်ပဲတန်းပြန်မယ်ဆိုပြီး အိမ်ကိုပြန်သွားလေရဲ့...အခုသယ်ဖို့မနိုင်လို့ လှမ်းခေါရမှာအားတောင်နာမိတယ်...ဒါပေမယ့်လည်း သူပဲရှိတာကို ခေါရတော့တာပေါ့... အဲတာနဲ့ ဖုန်းဆက်လိုက်တယ်...ကံစမ်းပဲပေါက်လို့ ဒါတွေ ဒါတွေရတယ် မနိုင်ဘူးလာကူသယ်ပေးပါဆိုတော့... စောင့်နေတဲ့ ချက်ချင်းလာခဲ့မယ်တဲ့...ဟဟ ( အားကိုးရတယ်သိလား (Pioneer လေးကြောင့်ထင်တယ်))... Pooh ကို တော်တော်လေးတော့စောင့်လိုက်ရတယ်...ပြီးတော့ နှစ်ယောက်တား မနိုင်မနင်းနဲ့ Pannizula ကို သွားပြီးထမင်းစားတယ် ... သားက ဆံပင်ညှပ်တယ်...ပြီးတော့ အိမ်ကိုပြန်လာကျတယ် ... အဲနေ့က တော်တော်လေးပင်ပန်းသွားတယ်...ညရောက်တော့ လက်မောင်းနဲ့ ခါးတွေက အရမ်းအောင့်ရောပဲ ...မေကြီးရ...ဘာပဲဖြစ်ဖြစ် မေးကြီးဒီရောက်လို့ နေ့ချင်းပျင်းနေမှာ မပူရတော့ ဘူးပေါ့...

Tuesday, February 16, 2010

ဓါတ်ပုံတစ်ချို့ (CNY)

၂၀၁၀ တရုတ်နှစ်ကူး ရုံးပိတ်တုန်း လျောက်လည်ရင်း မှတ်တမ်းတင်ထားတာလေးတွေထဲက တစ်ချို့ တစ်ဝတ်ပါ။









Monday, July 20, 2009

၂၄ နှစ်ပြည့်မွေးနေ့ ....အမှတ်တရ..

မွေးနေ့မှာ ဘာတွေလုပ်လဲ ဆိုတော့ဘာမှမလုပ်ပါဘူး... ဒါပေမယ့် တစ်သူငယ်ချင်းတစ်ချို့က ၀ိုင်းကူညီကြမယ်ဆိုလို့... Sembawang ဘုန်းကြီးကျောင်းမှာ...အာရုံဆွမ်းကျွေးဖို့ ....လုပ်ဖြစ်သွားတယ်။ အစကတော့ ဆွမ်းကပ်မယ်ပေါ့ ...နောက်တော့ ချက်ဖို့နေရာအခက်အခဲကြောင့် မုန့်ဟင်းခါးကိုချက်ပြီး အာရုံဆွမ်းကပ်လိုက်တယ်။ တနင်္ဂနွေနေ့မနက်ကပါ...ကျောင်းမှာ ဘုန်းဘုန်းတစ်ပါးပဲကျန်တယ်... ကျန်တဲ့ ဘုန်းဘုန်းတွေက အပြင်ကို ဆွမ်းစားကြွဖို့ ဖိတ်ထားလို့ ကြွကြရတယ်။တရားနာတယ် ငါးပါးသီလယူတယ်။
PhotobucketPhotobucketPhotobucket
ပြီးတော့..၊
ဗိုက်ဆာဆာနဲ့ မုန့်ဟင်းခါးကို အ၀စားလိုက်တယ်။နောက်တော့ ပန်းကန်တွေဆေးတာပေါ့။
PhotobucketPhotobucket
PhotobucketPhotobucket
Photobucket
ပြီးတော့ ဘုန်းကြီးကျောင်းအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ကြတယ်။
PhotobucketPhotobucket
အဲဒီနောက် သူငယ်ချင်းအားလုံးပေါင်း ( ၇) ယောက် စုပြီးဓါတ်ပုံရိုက်ချင်တာ ရိုက်ပေးမယ့်လူမရှိတာနဲ့ အနားမှာတွေ့တဲ့ အမှိုက်ပုံးပေါတင်ပြီးတော့ ပဲရိုက်လိုက်ရတယ်။
Photobucket
ပြီးတော့ Sembawang ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ကြတယ်။ဒီနေရာလေးက အနားယူလို့ကောင်းပါတယ်။ သစ်ရိပ်၊ ၀ါးရိပ်နဲ့ စိမ်းပြီးအေးတယ်။ တိုက်တွေ၊ အိမ်တွေ ၊ကားသံတွေနဲ့ ဝေးတယ်။

PhotobucketPhotobucket
Photobucket

စနေနေ့ ညကလည်း မအိပ်ရသေးဆိုတော့။ တအောင့် ကြာတော့ အားလုံးအိမ်ပြန်အိပ်မယ် ဆိုပြီးပြန်လာကြတာ။ အိမ်ရောက်တော့ မအိပ်ဖြစ်ပါဘူး မုန့်ဟင်းခါးတွေကို မစားရတာကြာလို့ ဆိုပြီး မကုန်မချင်းထိုင်စားရင် RED-Cliff ကို I ရော IIရော ထိုင်ကြည့်လိုက်တယ်။ ညနေရောက်တော့ တော်တော်ပင်ပမ်းနေကြပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ ပျော်စရာကောင်းတဲ့နေ့လေး တစ်ရက်တော့ ဖြစ်ခဲ့ ပါတယ်။ အဲ့ ဒီအတွက် သူငယ်ချင်းအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်ကွာ.....

အမေ့ ..........ဆီသို့........

၂၀ရက်၊ ဇူလိုင်လ၊ ၂၀၀၉ ခုနှစ် တနင်္လာနေ့သည် ကျွန်တော်လူလောကထဲကို ရောက်ရှိခဲ့ခြင်း၏ ၂၄ နှစ် ပြည့်သောနေ့ပါ။ အရွယ်ရောက်ပြီးမှ ကျင်းပရသော မွေးနေ့ပွဲများသည် ငယ်ငယ်ကလုပ်ခဲ့ဖူးတဲ့ မွေးနေ့ပွဲတွေလောက် စိတ်ဝင်စားဖို့မကောင်းတော့ပါ။ အကယ်ဖြစ်နိုင်လျင် ကျွန်တော်အသက် ပြန်ငယ်ချင်သေးသည်။ အချိန်ကတော့ ပုံမှန်လည်ပတ်နေတာပါ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့။ သို့သော် မွေးနေ့ဆိုတာ ရောက်လာတိုင်း တစ်နှစ်ကြီးသွားတဲ့ ကိုယ့်အသက်အတွက် ပြန်စဉ်းစားကြည့်တယ်။ မနှစ်က မွေးနေ့တုန်းက ကြုံးဝါးခဲ့တဲ့ ကျွန်တော ရည်ရွယ်ချက်တွေ၊ အနာဂတ် Plan တွေ ခုတကယ် ဖြစ်လာပြီလား။ တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ပန်းတိုင်ကိုရောက်ဖို့ ဘယ်လောက်ထိလျောက်လှမ်းနိုင်ခဲ့လဲ။ ပြန်စဉ်းစားကြည့်လိုက်တယ်။ တွက်ချက်ကြည့်လိုက်တယ်။ ခြေပစ်လက်ပစ် အော်ငိုချင်စိတ်ပေါက်သွားတယ်။ စိတ်ဓါတ်တွေ ထိုးဆင်းသွားတယ်။ နာရီပေါင်း ၈၇၆၀ အတွက် ငါဘာတွေလုပ်ခဲ့မိလဲ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်တွေ မကျပါဘူး။ နောင်တလဲ မရဘူး။ ကျွန်တော်အကောင်းဆုံး လုပ်နိင်ခဲတာတွေ ရှိပါသေးတယ်။ ထိုအတူ လွန်ခဲ့သော ၂၄နှစ် က အသက်ကိုရင်းပြီးမွေးဖွားပေးခဲ့တဲ့ အမေ့ရဲ့နေ့တစ်ရက်သည် ကျွန်တော့် ကြောင့် ဘယ်တော့မှ အချည်းအနှီးမဖြစ်စေရပါဘူး.....အမေ။
သားအဝေးကနေပဲ ဦးချကန်တော့လျက်
အမေ ပေးသော ဒီခန္တာကိုယ် ကို အမေလေ့ကျင့်ပေးခဲ့သော ကျွန်တော့်ရဲ့ စိတ်တို့ဖြင့် မကောင်းမူတို့မှ ကင်းဝေးအောင်။ အသက်၊ ဘေးဥပါဒ်အန္တရယ်တို့မှကင်းအောင်။ အများသူငါ လူအပေါင်း၏ မုန်းတီးကဲ့ရဲ့ ခြင်းတို့မှ ကင်းဝေးအောင် အမေ့ သား ကောင်းစွာထိန်းသိမ်းစောင့်ထားပါတယ် ...အမေ။

Saturday, July 18, 2009

For a Very Special Friend on Your Birthday !!!

To My dear deep!!

There are so many things
to do each day
There is so much going on in the world of great concern
that often we do not stop and think about
what is really important to us
One of the nicest things in my life
is my friendship with you
and even if we don´t have a lot of time
to spend with each other
I want you to always know
how much I appreciate you
and our friendship

Yours Pooh!!!