Showing posts with label mom at sg. Show all posts
Showing posts with label mom at sg. Show all posts
Monday, January 10, 2011
Tuesday, January 4, 2011
Tuesday, December 28, 2010
Monday, May 24, 2010
Mom's 56th Birthday @ East Coast ( SG)
ဘ၀ အမောတွေနဲ့
လောကဓံ ရေလျင်ကြော
ဟိုမျောလိုက် ဒီမျောလိုက်
ဟောဟဲ လိုက်အောင်ပြေးလွှားနေရပေမယ့်
"ငြိုငြင်စကား"
သား တစ်ခွန်းတောင် မကြားခဲ့ဖူးပါလား.......အမေ။
လောကဓံ ရေလျင်ကြော
ဟိုမျောလိုက် ဒီမျောလိုက်
ဟောဟဲ လိုက်အောင်ပြေးလွှားနေရပေမယ့်
"ငြိုငြင်စကား"
သား တစ်ခွန်းတောင် မကြားခဲ့ဖူးပါလား.......အမေ။
သူတစ်လူ ငါတစ်မင်း
နိုင်ထက်စီးနင်းတွေကြား
မောင်နှမသားချင်းမရှိပေမယ့်
အခြံအရံ အ၀ံ့အကြွား
အဖြာဖြာသော လက်နက်တန်ဆာတို့ဖြင့်
အထပ်ထပ်စီရင်အပ်၍ ရဲဝံ့စေခဲ့သော ...... အမေ။
နိုင်ထက်စီးနင်းတွေကြား
မောင်နှမသားချင်းမရှိပေမယ့်
အခြံအရံ အ၀ံ့အကြွား
အဖြာဖြာသော လက်နက်တန်ဆာတို့ဖြင့်
အထပ်ထပ်စီရင်အပ်၍ ရဲဝံ့စေခဲ့သော ...... အမေ။
ကြိမ်လုံးမပါ လက်မရွယ်ပါဘဲ
ညင်သာစကား မေတ္တာအားနှင့်
မိဘအာဏာ သိုကာဝှက်လျက်
ဂရုဏာဒေါသ မြူမှုံမျှဖြင့်
လိုရာလမ်းကြောင်း မတိမ်းစောင်းအောင်
ပေါင်းမြက်ခြွေ၍ သီးပွင့်တို့ဝေစေခဲ့သော......အမေ။
ရက်ရောနေလိုက်တာ
စေတနာ ဂရုဏာတွေကလည်း
ဒလဟော ပါပဲလား
အမေ ဖောက်ခဲ့တဲ့ ....လမ်း
အမေ ပျိုးခဲ့တဲ့ ..........ပန်း
အမေ့ ရှေ့မှာ ထာဝရ သာယာ ပွင့်လန်းလို့နေမှာပါ....အမေ။
(Deep Corner)
**********************************************
အမေ့ မွေးနေ့ကို...ပင်လယ်ကမ်းခြေတစ်ခုခုမှာ...စီစဉ်ပေးမယ်လို့...အရင်ကတည်းက အစီအစဉ်ရှိတယ်... ရန်ကုန်ကနေ ဒီကို အလာချင်ကတည်းကပါ။ အဲတာနဲ့ East Coast ...ကိုရွေးလိုက်တယ်...East Coast ကိုသွားဖို့ အစီအစဉ်မှာ...သူငယ်ချင်း ၁၀ ယောက်လောက်...ပါမယ်တွက်ထားတယ်...သွားဖြစ်တဲ့နေ့က စနေနေ့ ဆိုတော့ အကုန်ရုံးတက်ရတယ်။... အဲတော့ အိမ်မှာကလေးနှစ်ယေက်ကို...ကြာဇံကြော်ခိုင်းလိုက်တယ်...စာဖို့သောက်ဖို့ အလာလုံး စီစဉ်ပြီး ...East Coast ကို... ညနေ ၅ နာရီလောက်မှာ...ရောက်တယ်။...Tent က...နှစ်ခုပါလာတယ်။...လူကြီးတွေနားလို့လို့ရအောင် Tent အရင်ထိုးပေးလိုက်တယ်။
ဝါသနာအရ ဓါတ်ပုံရိုက်လိုက်သေးတယ်။
ရုပ်ရှင်တွေထဲကလို သဲသောင်ပြင်မှာ အိပ်ကြည့်တာ အိပ်လို့လည်းမကောင်းဘူး....သဲတွေဝင်တယ်... :P
ကင်မရာက နေ့ခင်းရိုက်ရင်တော့ တော်တော်ကြည်တယ် ...ဖိုင် ဆိုက်တွေဆို 5MB ကျော်ကျော်ထိရတယ်...ညဘက်ဆိုရင် ... ဖလပ် ဖွင့်ရိုက်မှာ မဖွင့်ရင် ပုံတွေက တော်တော်ဝါးသွားတယ်...
mom and me
mom & pooh's mom
mom and pooh!
mom & Kyaw Thu Aung ( Shwephitha)
mom & Ko Aung Myo Oo ( Shwephitha)
mom & Ko Aung Naing Soe ( Ma Gway)
Subscribe to:
Posts (Atom)