၂၀ရက်၊ ဇူလိုင်လ၊ ၂၀၀၉ ခုနှစ် တနင်္လာနေ့သည် ကျွန်တော်လူလောကထဲကို ရောက်ရှိခဲ့ခြင်း၏ ၂၄ နှစ် ပြည့်သောနေ့ပါ။ အရွယ်ရောက်ပြီးမှ ကျင်းပရသော မွေးနေ့ပွဲများသည် ငယ်ငယ်ကလုပ်ခဲ့ဖူးတဲ့ မွေးနေ့ပွဲတွေလောက် စိတ်ဝင်စားဖို့မကောင်းတော့ပါ။ အကယ်ဖြစ်နိုင်လျင် ကျွန်တော်အသက် ပြန်ငယ်ချင်သေးသည်။ အချိန်ကတော့ ပုံမှန်လည်ပတ်နေတာပါ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့။ သို့သော် မွေးနေ့ဆိုတာ ရောက်လာတိုင်း တစ်နှစ်ကြီးသွားတဲ့ ကိုယ့်အသက်အတွက် ပြန်စဉ်းစားကြည့်တယ်။ မနှစ်က မွေးနေ့တုန်းက ကြုံးဝါးခဲ့တဲ့ ကျွန်တော ရည်ရွယ်ချက်တွေ၊ အနာဂတ် Plan တွေ ခုတကယ် ဖြစ်လာပြီလား။ တစ်နှစ်ဆိုတဲ့ အချိန်အတွင်း ပန်းတိုင်ကိုရောက်ဖို့ ဘယ်လောက်ထိလျောက်လှမ်းနိုင်ခဲ့လဲ။ ပြန်စဉ်းစားကြည့်လိုက်တယ်။ တွက်ချက်ကြည့်လိုက်တယ်။ ခြေပစ်လက်ပစ် အော်ငိုချင်စိတ်ပေါက်သွားတယ်။ စိတ်ဓါတ်တွေ ထိုးဆင်းသွားတယ်။ နာရီပေါင်း ၈၇၆၀ အတွက် ငါဘာတွေလုပ်ခဲ့မိလဲ။ ဒါပေမယ့် ကျွန်တော်စိတ်ဓါတ်တွေ မကျပါဘူး။ နောင်တလဲ မရဘူး။ ကျွန်တော်အကောင်းဆုံး လုပ်နိင်ခဲတာတွေ ရှိပါသေးတယ်။ ထိုအတူ လွန်ခဲ့သော ၂၄နှစ် က အသက်ကိုရင်းပြီးမွေးဖွားပေးခဲ့တဲ့ အမေ့ရဲ့နေ့တစ်ရက်သည် ကျွန်တော့် ကြောင့် ဘယ်တော့မှ အချည်းအနှီးမဖြစ်စေရပါဘူး.....အမေ။
သားအဝေးကနေပဲ ဦးချကန်တော့လျက်
အမေ ပေးသော ဒီခန္တာကိုယ် ကို အမေလေ့ကျင့်ပေးခဲ့သော ကျွန်တော့်ရဲ့ စိတ်တို့ဖြင့် မကောင်းမူတို့မှ ကင်းဝေးအောင်။ အသက်၊ ဘေးဥပါဒ်အန္တရယ်တို့မှကင်းအောင်။ အများသူငါ လူအပေါင်း၏ မုန်းတီးကဲ့ရဲ့ ခြင်းတို့မှ ကင်းဝေးအောင် အမေ့ သား ကောင်းစွာထိန်းသိမ်းစောင့်ထားပါတယ် ...အမေ။
No comments:
Post a Comment
tell me somethings...!