စင်ကာပူကို ရောက်ကတည်းက ဟိုဟိုဒီဒီတော့ စနေ၊ တနင်္ဂနွေတိုင်းလျောက်သွားနေကျ.. ခရီးဝေးဆိုလို့ ဒါပထမဦးဆုံးပဲ (ပူလာအူပင် ကျွန်းသို့)...သူငယ်ချင်းတွေ ခေါ်သွားလို့ရောက်ဖူးသွားတာပါ...စက်လှေနဲ့သွားရတာ တစ်ယောက်ကို 2 SG$ ပေးရတယ်...စက်လှေတွေက ရန်ကုန်ကလိုမျိုးပဲ ဟိုးတုန်းက ဒီဇိုင်းတွေ...ဒါပေမယ့်တော်တော်မြန်ပါတယ်...
နာရီဝက်လောက် ကြာတော့ ပူလာအူပင်ကျွန်းကို
သွားရင်းသွားရင်းနဲ့ ဘယ်သွားလို့ ဘယ်ရောက်နေလဲတောင် မသိတော့ဘူး ကျွန်းကြီးက တော်တော်ကျယ်တယ်... တချို့နေရာတွေဆိုရင် ဖုန်းလိုင်းတွေ တောင်ပျက်ကုန်တယ်...နေကလည်း အရမ်းပူတယ်...ထမင်းစားချိန်ရောက်တော့ ...မောမောနဲ့ စားစရာနေရာရှာတာ တော်တော်နဲ့ မတွေ့ဘူး အဲဒါနဲ့ တောထဲပဲ ၀င်စားခဲ့လိုက်တယ်...
ညနေ ၆ နာရီလောက်ကျတော့ ပြန်လာခဲ့ကြတယ် အားလုံးအေးအေးဆေးဆေးပါပဲ
No comments:
Post a Comment
tell me somethings...!