Monday, June 21, 2010

Transformer (2007) ဇာတ်လမ်းအကျဉ်း

All Sparks


Transformer (2007) ဇာတ်လမ်းအကျဉ်း

ယခုလ 24 ရက်နေ့ဆို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ Transformers: Revenge of the Fallen ရုံတင်တော့မှာ ဖြစ်ပါတယ် ။ ဒီတော့ပစ်မှာ Transformers ကာတွန်းစီးရီး / Animated Series အကြောင်း ဆွေးနွေးမည်မဟုတ်ပဲ Transformer Movie ကိုပဲအဓိကပြောမှာဖြစ်ပါတယ် ။ Revenge of the Fallen အကြောင်းမပြောခင်မှာ Transformers (2007) မှာပါဝင်တဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းအကျဉ်းကို အားလုံးပြန်လည်အမှတ်ရဖို့ အရင်ဆုံး သိထား လေ့လာထားမိသလောက် ပြန်လည်ပြောပြပေးပါမယ် ။


ဇာတ်လမ်းအကျဉ်း
==========
ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ် ၊ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကျုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက် ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြ၀ဠာကို စိုးမိုးချင်သူများပါ ။  Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ခဲသွားခဲ့ပါတယ် ။ ဒါကို Sam ရဲ့ အဖိုး ကပ္ပတိန် Witwicky တွေ့ရှိခဲ့ပါတယ် ။ ဒီမှာတင် မတော်တစ်ဆ Megatron ရဲ့ navigational system ကို အက်တီဗိတ်လုပ်မ်တာကြောင့် သူ့ မျက်မှန်မှာ ကိုအော်ဒီနိပ်များနဲ့ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ် ။ ဒီ ရေခဲအောက်မှာ ခဲနေတဲ့ Megatron နဲ့ All Spark ကို အမေရိကန်အစိုးရ ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Sector 7 မှ သိမ်းဆည်း ခဲ့ပါတယ် ၊ All Spark မှ စွမ်းအင်အဆက်မပြတ်ထုတ်လွှတ်မှုကို ကာကွယ်တဲ့ အနေနဲ့ ၄င်းထားရှိရာ လျှို့ဝှက်နေရာရဲ့ပတ်ပတ်လည်မှာ ရေလွှဲဆည်အကြီးကြီး တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ ဒါကို Autobots နဲ့ Decepticons တွေသိရှိပြီး All Spark ကို လိုချင်လို့ တိုက်ပွဲဖြစ်ခဲ့ပါတယ် ။ တိုက်ပွဲအဆုံးမှာ Megatron နဲ့ အပေါင်းအပါတစ်ချို့ တိုက်ပွဲမှာ ကျဆုံးပြီး ရှုံးနိမ့်သွားခဲ့ပါတယ် ၊ အောင်နိုင်သွားတဲ့ Optimus Prime က အဆုံးသတ်မှာ အာကာသအတွင်းမှာ အသက်ရှင်လျက်ရှိတဲ့ Autobots များအားလုံးကို သူတို့နေထိုင်ဖို့ ကမ္ဘာမြေဆိုတဲ့ ဂြိုဟ်အသစ်တစ်ခုတွေ့ပြီ လို့ မက်ဆေ့ခ်ျ တစ်ခုလွှင့်ခဲ့ပါတယ် ။

ပထမ Transformer movie အဆုံးသတ်မှာ Decepticon ဘက်မှ Megatron အပြင် Bonecrusher ၊ Frenzy ၊ Brawl နဲ့ Blackout တို့ကျဆုံးသွားကြပြီး Autobot များဘက်မှ Jazz နှစ်ပိုင်းပြတ်ခဲ့ပါတယ် ။ နောက်ဆုံးလေကြောင်းတိုက်ပွဲမှာ Decepticon ဘက်မှ Starscream တစ်ကောင်သာ အာကာသထဲသို့ ပျံသန်းလွန်မြောက်သွားခဲ့ပါတယ် ။ Scorponok နဲ့ Barricade တို့ သတင်းအစအနမရပဲ ပျောက်ဆုံးသွားပါတယ် ။  ကျဆုံးသွားတဲ့ Decepticon တွေရဲ့ အကြွင်းအကျန်တွေကို အမေရိကန်အစိုးရမှ အတ္တလန္တိတ် သမ္ဒုရာတစ်နေရာက Laurentian Abyss ဆိုတဲ့ မီတာ ၆,၀၀၀ မကနက်တဲ့နေရာမှာ စွန့်ပစ်ခဲ့ပါတယ် ။

ဒီရုပ်ရှင်မှာ Autobot တွေဘက်မှ Optimus Prime ၊ Bumblebee ၊ Ironhide ၊ Ratchet နဲ့ Jazz တို့ ပါဝင်ပါတယ် ။ Decepticon ဘက်မှ Megatron ၊ Blackout ၊ Scorponok ၊ Frenzy ၊ Barricade ၊ Starscream ၊ Devastator (Brawl) နဲ့ Bonecrusher တို့ပါဝင်ပါတယ် ။ Scorponok က နောက်ဆုံး မှာ တိုက်ပွဲဝင်ဖို့ Frenzy ခေါ်လိုက်တဲ့ အထဲမှာ အကြောင်းမပြန်ခဲ့ပါဘူး ။


Transformer (2007) မှ အဓိက Autobot (၅) ကောင်








Transformer (2007) မှ အဓိက Deceptiocon (၅) ကောင်



copy from :http://mmcybermedia.com/community/index.php?topic=19074.msg205521#msg205521

No comments:

Post a Comment

tell me somethings...!