Monday, June 21, 2010

Autobot တွေအကြောင်း



Michael Bay ရဲ့ Transformer Movie ထဲမှာ ပါဝင်တဲ့ Autobot တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။
=============================================================
Optimus Prime


Optimus Prime အားလုံးသိကြတဲ့ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော် Autobot စက်ရုပ်တွေရဲ့ ခေါင်းဆောင်ပါ ၊ Transformer စီးရီးတိုင်း နီးပါးမှာ ပါဝင်လေ့ရှိပြီး Autobots တွေနဲ့ Decepticons တွေရဲ့ အငြှိုးတွေ ရန်စတွေကို အဆုံးသတ်ဖို့ ကမ္ဘာကိုရောက်လာခဲ့သူပါ ။ ပုံမှန် semi truck နဲ့နေလေ့ရှိပြီး ကာတွန်းတွေမှာတွေ့ရတဲ့ Battle Mode မှာ သူဟာ ပေ ၂၀ မြင့်တဲ့ စက်ရုပ်အသွင်သို့ပြောင်းလဲ နိုင်ပါတယ် ။ လက်ထဲမှာ ခေါက်ထားတဲ့ Surf Blade နဲ့ Cannon တစ်ခုဟာ Optimus Prime ရဲ့ အဓိကအသုံးပြုတဲ့ လက်နက်ပါပဲ ။


Bumblebee

Bumblebee ကတော့ Sam ရဲ့ သက်တော်စောင့်ပေါ့ဗျာ ။ ပထမဆုံး Bumblebee ကိုတော့ ဗောက်ဇ်ဝက်ဂွန် အမျိုးအစားလေးနဲ့ အသက်သွင်းခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း စီးရီးတွေမှာ ခေတ်နဲ့အညီ 1977 Chevy Camaro အဖြစ်နဲ့ စတင်တွေ့ခဲ့ရပြီး (နောက်ပိုင်း 2009 model ဖြစ်သွားပါတယ်) Revenge of the Fallen မှာတော့ 2010 Chevy Camaro Z28 အနေနဲ့ တွေ့ရှိရမှာ ဖြစ်ပါတယ် ။ တိုက်ပွဲတစ်ခုမှာ Bumblebee ဟာ သူ့ vocal chord ထိပြီး စကားမပြောနိုင်ခဲ့လို့ radio signals တွေ အသုံးပြုပြီး အများနဲ့ ဆက်သွယ်ရတာ အားလုံး အသိပါ ။ စက်ရုပ်အကြီးတွေထဲမှာ ညာဘက်လက်မှ Cannon တစ်ခုထဲနဲ့ဆိုတော့ တိုက်ခိုက်ရေးမှာ အားနည်းတယ်လို့ ပြောလို့ရပါတယ် ။


Ironhide
 
Optimus Prime ရဲ့ အားအထားရဆုံး ညာလက်ရုံး ၀ါရင့်စစ်သားကြီးဆိုရင်လည်းမမှားပါဘူး ။ သာမန်အချိန်မှာ Ironhide ဟာ GMC Topkick C4500 ပစ်ကပ်ကားအနေနဲ့ နေလေ့ရှိပါတယ် ။ Optimus Prime ရဲ့ သူငယ်ချင်းဟောင်းကြီးဖြစ်ပြီး တိုက်ပွဲတော်တော်များများမှာ Prime နဲ့အတူ တိုက်ပွဲပေါင်းမြောက်မြားစွာမှာ အတူနွှဲခဲ့ဖူးတဲ့ စစ်သားကောင်းတစ်ဦးပါ ။ ယခင်ဇာတ်လမ်းတွေ မှာအရေးပါတဲ့နေရာတစ်ခုမှာ ပါလေ့မရှိသော်လည်း ယခု Michael Bay ရိုက်တဲ့ ရုပ်ရှင်မှာ Arcee ဇာတ်ကောင်နေရာမှာ ဒါရိုက်တာအလိုကျ အရေးပါတဲ့နေရာမှ အစားထိုးဝင်ရောက်ခဲ့သူပါ ။


Ratchet

အ၀ါရောင် Hummer H2 အနေနဲ့ နေလေ့ရှိပြီး Autobot တွေရဲ့ ဆေးမှူးကြီး လို့ပြောရင်မမှားပါဘူး ။ Autobots နဲ့ Decepticon ကြားငြိမ်းချမ်းရေးကို လိုလားသူဖြစ်ပြီး ခေါင်းဆောင် Optimus ရဲ့အမိန့်ကို တစ်သွေမတမ်းနာခံသူဖြစ်ပါတယ် ။ Ratchet ရဲ့ ထူးခြားချက်ကသူ့ရဲ့ အာရုံခံတဲ့ sense ပါပဲ ။ အချို့ဖော်ပြထားတာတော့ X Ray Vision လည်းရတယ် လို့ပြောပါတယ် ။ 19 ပေ ရှိပြီး Optimus Prime အားထားရတဲ့ လက်ရုံးတစ်ဦးထဲ အပါအ၀င်ဖြစ်ပါတယ် ။


Jazz  ( Transformer-2007 မှာကျဆုံး)

Jazz  ဆိုတဲ့ ခပ်ပျော်ပျော်နေတတ်တဲ့ Autobot စက်ရုပ်လေးကို အားလုံးမှတ်မိကြဦးမယ်ထင်တယ် ၊ ပထမရုပ်ရှင်မှာ Megatron နှစ်ပိုင်းဆွဲပိုင်းခဲ့လို့ ကျဆုံးသွားခဲ့ပါတယ် ။ ကြားရတဲ့ သတင်းအရ Jazz တစ်ကောင်တော့ ယခု  Revenge of the Fallen ထဲမှာ ပြန်ပါလာမယ်လို့ ထင်ကြေးပေးနေကြပါတယ် ၊ ( ပထမရုပ်ရှင်အပြီးမှာ Ratchet လက်ထဲမှာ နှစ်ပိုင်းပြတ်နေတဲ့ Jazz ကို ကိုင်ထားခဲ့ပါတယ် ဒါကြောင့်ပါရင်လည်း ပြန်ပါလာနိုင်ပါတယ် )


The Sisters ( Arcee ၊ Chromia ၊ Elita One )
Arcee

Arceeကတော့ ယခု movie မှ ပါလာတဲ့ ဇာတ်ကောင်ပါ ။ Transformers ပထမ စီးရီးတွေမှာArcee ဟာ စက်ရုပ် (အမ) အသွင်သရုပ်ဆောင်ပါတယ် ။ သူဟာလည်း ကာတွန်းတွေမှာအဓိကဇာတ်ဆောင်တွေထဲက တစ်ယောက်ပါ ။ Arcee ဟာ ဆိုင်ကယ် အသွင်နဲ့နေပြီးဆိုင်ကယ်အမျိုးအစား (၃) မျိုးအထိပြောင်းလဲနိုင်ကြောင်း သိရပါတယ် ။ Arceeဟာ ပထမရုပ်ရှင်မှာ Blackout နဲ့ ဖိုက်ဖို့ ဇာတ်ညွှန်းထဲမှာပါပြီးပါပြီ ၊အကြောင်းအမျိုးမျိုးကြောင့် ဇာတ်ညွှန်းထဲမှာ Ironhide နဲ့အစားထိုးပြီးခံခဲ့ရပါတယ် ၊ ( ပထမရုပ်ရှင်မှာ ကပ္ပတိန် ၀ီလျံ လဲန်နော့်ဇ်တစ်ယောက် Blackout ကို ဆိုင်ကယ်နဲ့ လိုက်လံပစ်ခတ်တာ အမှတ်ရကြမယ်ထင်ပါတယ် )လျင်မြန်တဲ့လှုပ်ရှားမှု နဲ့ ခက်ထန်တဲ့ စရိုက်ကြောင့် ကြောက်စရာကောင်းတဲ့Arcee ဟာ Autobot တစ်ကောင်ဖြစ်ပါတယ် ။

ကျန်တဲ့ Autobot (အမ) တွေထဲမှာ Chromia ကတော့ ကာတွန်းဇာတ်လမ်းတွေထဲမှာ Ironhide နဲ့တွဲပြီး လှုပ်ရှားနေခဲ့ပါတယ် ။ Sister (၃) ကောင်ထဲ မှာ အားအနည်းဆုံးဖြစ်ပါတယ် ။
Elita One ကတော့ Autobot အမ ဇာတ်ရုပ် ဖြစ်ပြီး 80s နောက်ပိုင်း ကာတွန်းတွေမှာ အရေးပါတဲ့ အခန်းကပါခဲ့ပါတယ် ။  Motorcycle အပြင် Site Cruiser အဖြစ်ပြောင်းလဲပြီး Autobot တွေရဲ့ Scouts အဖြစ်နဲ့ ဇာတ်ရုပ်မှာလည်းပါဝင်ခဲ့ပါ ။ Tough ဖြစ်တဲ့ Elita One ကို မိန်းမ Optimus အဖြစ် အချို့တင်စားထားတာတွေ့ရပါတယ် ။


The Twins (Skids & Mudflap)

Chevys လေးနှစ်စီးကို Revenge of The Fallen ကာတွန်းမှာ တွေ့ရပါတယ် ။ Skids ဆိုတဲ့  အစိမ်းရောင် 2009 Chevy Beat လေးနဲ့ Mudflap ဆိုတဲ့ အနီရောင် 2009 Chevy Trax လေးဟာ ယခု movie မှာ ပါဝင်လာတဲ့ Autobot လေး နှစ်ကောင်ဖြစ်ပါတယ် ။ သူတို့ဟာ အမွှာတွေလို့ သိရပြီး Bumblebee နဲ့အတူတွဲပြီး လှုပ်ရှားမှာဖြစ်ပါတယ် ။ သူတို့ နှစ်ကောင်ဟာအမြဲတမ်း စိတ်သဘောထား မတိုက်ဆိုင်လို့ ရန်အမြဲဖြစ်နေတဲ့ ဘုရားစုး အမွှာစက်ရုပ် နှစ်ကောင်ဖြစ်ပါတယ် ။ တစ်ကောင်စီဆို Chevy ကားလေးတွေဖြစ်ပေမယ့် နှစ်ကောင်ပေါင်းလိုက်ရင်တော့ Ice Cream ကားလေးဖြစ်သွားတာ သူတို့ရဲ့ ထူးခြားချက်ပါ ။


Sideswipe


Revenge of The Fallen ကာတွန်းထဲမှာတော့ Sideswipe ဟာ ဇာတ်လမ်းအစမှာပါတယ်ဗျ ၊ Decepticon တစ်ကောင်ဖြစ်တဲ့ Sideways ကို လမ်းကနေဖြတ်ပြီး သူ့ရဲ့ Blade နဲ့ ဖြတ်ခုတ်တာ ၊ movie မှတော့မသိဘူး ၊ ယခင်က သူဟာအနီရောင် chevy လေးပါ ၊ ဒါပေမယ့် ဒီ movie ထဲမှတော့ မက်တယ်လစ်ရောင် Chevrolet Stingray တစ်စီးအဖြစ်ကို အသွင်ပြောင်းထားပါတယ် ။ Bonecrusher လိုပဲ Robot Mode မှာ ဘီးနှစ်လုံးခြေထောက်မှာ တပ်ထားပါတယ် ။ အဓိကလက်နက်ကတော့ လက်ထဲက ဓါးသွားနှစ်ခုပါပဲ ။

( - ဆက်လက်ဖော်ပြပါမည် - )
 
copy from: http://mmcybermedia.com/community/index.php?topic=19074.msg205570#msg205570

No comments:

Post a Comment

tell me somethings...!