Saturday, February 14, 2009

အဖိုး.....။

အဖိုး


မြေးတေဇာ စာရေးလိုက်ပါတယ်.. အရင်ကတည်းက စာရေးမလို့ပါပဲ .. ဒါပေမယ့် လူကြုံမရှိတာရယ် ရောက်ရောက်ချင်းဆိုတော့ နေသားတကျမရှိသေးတာတွေ ကြောင့် စာမရေးဖြစ်ခဲ့ဘူး..အဖိုး သားပြန်လာရင် လျှောက်လည်ကြမယ်လေ .. အဖိုး က ကျန်းမာရေးကို ဂရုစိုက်နော် .. ဒါမှလျှောက်လည် လို့ရမှာပေါ့ ဟုတ်ဘူးလား..။

အဖိုး ကိုသားငယ်ငယ်လေးကတည်းက သား ဘာတခုမှ မတားခဲ့ဖူးဘူး နော် ဒီတခါတော့ သားမှာစရာ ရှိလာပြီ..။ အဖိုး အရင်လို ဆေးလိပ်တွေသောက်နေသေးလား..။ ဆေးလိပ်တွေ သောက်နေသေးတယ် ဆိုရင်လည်း လျှော့သောက်တော့ နော် ..။ မသောက်တော့ဘူး ဆိုရင်လည်း ဆက်မသောက်တော့ နဲ့ နော် ..။ ဆေးလိပ် က အဖိုး နဲ့ မတည့်ဘူးလို့ သား ထင်တယ်.. ဟုတ်တယ်ဟုတ်..။ပြီးတော့ ကျန်သေးတယ် လက်ဘက်ရည်ကို အရမ်းချိုချိုကြီးတွေ မသောက်တော့ နဲ့ နော် ..။ မနက်စောစောထပြီးလမ်းလေ ဘာလေ လျှောက်ပေါ့ ကျန်မာရေး အတွက်ကောင်းတယ်..။ တစ်ယောက်တည်း လမ်းလျှောက်ရမှာ ပျင်းရင် အဖွား ကို ပါခေါ်သွားပေါ့ .. နော်..။ တစ်ယောက်တည်းဆို ရင်တော့ အဝေးကြီးကို လမ်းမလျှောက်နဲ့ တော်ကြာ အဖိုး မောနေဦးမယ်..။ အိမ်ရှေ့မှာပဲ ကောင်မလေးတွေ ကြည့်ရင်းလျှောက်ပေါ့ အဲဒါ အမောပြေတယ် အဖိုး ..။ အဖိုး လိုတာရှိရင်ပြောနော် .. မေကြီး နဲ့ မှာလိုက်ဟုတ် ပြီလား..။

သား လေ အဖိုး (၇ )ဈေးထဲမှာမုန့်တွေ ၀ယ်ကျွေးတာကို အရမ်း သတိရတာပဲ..။ ဒီမှာ က တနေ့ တနေ့ ပေါင်မုန့်နဲ့ ပဲ လုံးချာပတ်ချာလယ်နေရတာ အဖိုး..ရ ..။ နောက်ပိုင်း သားအချိန်ရရင် အေးအေးဆေးဆေးဖြစ်ရင် စာတွေရေးလိုက်မယ်..နော်..။ သား အဝေးကနေပဲ ဆုတောင်းပေးလိုက်တယ် ..အဖိုး ကျန်ကျန်မာမာ ပျော်ပျော် ရွှင်ရွှင် နဲ့ နေနိုင်ပါစေလို့….သား တို့ မြေး သုံးယောက်ကို အနွန်နာ ခဲ့သလို သား တို့ သားတွေ၊ သမီးတွေ ရရင် အဖိုးတို့ဆီလာပို့ထားမှာ နော် ..။ ဒါ ကြောင့် အဖိုး ကျန်မာရေးကို ဂရုစိုက် ဒါမှ အဖိုးရဲ့ မြစ်တွေ နဲ့ အတူတူ ဈေးထဲမှာ မုန့်တွေလျှောက်ဝယ်စားလို့ရမှာ ..။ သား ပြန်လာရင် အဖိုးကို ခေါ်ပြီးလျှောက်လည်မှာ အဖိုး အားတွေမွေးထားနော်..။

အဖိုး ရဲ့ မြေး

တေဇာ

No comments:

Post a Comment

tell me somethings...!