Saturday, February 14, 2009

အိအိဟန်


အိအိဟန် သူငယ်ချင်း


အသဲ ၊ ချစ်ဆုံးကြီး ငါ နင် ကို သတိရပါတယ်ဟာ တခါတခါ နင့် ကို အရမ်းသတိရ လာရင် ဘာလုပ်လဲ သိလား တော်ပါပြီ ပြောတော့ ပါဘူးဟာ သိချင်ရင်တော့ အောင်ကို နဲ့ ကိုဇော် ကို မေးကြည့်ဟာ ။ အထူးသဖြင့် ဘီယာသောက်ဖြစ်တိုင်း ပိုပြီးသတိရတယ် ဟ။ ငါ နဲ့ သဉ္ဇာ နဲ့ စနေနေ့ ညတိုင်း စကိတ်သွားတယ် နင် ရှိရင် တော်တော် ပျော်ဖို့ကောင်းမှာ ဟ။

နင် လည်း လိမ်လမ်မာမာနေတော့ နော် ။။ နင် လူကြီးဖြစ်လာပြီ သိလား။ အေးလေ နင် ကလေး မဟုတ်တော့တာ နင်လည်းသိ၊ ငါလည်းသိ နေတာပဲ နော် ။။ နင် နဲ့ ငါ နဲ့ တနေ့ နေ့ တော့ တွေ့ကြသေးတာပေါ့ဟာ အဲ ဟုတ်ပါဘူး ပြန်ဆုံကြသေးတာပေါ့ လို့ပြောပါ..တော်ပြီဟာ မနောက်တော့ဘူး အတည်ပြောတော့မယ်…ဒန် တန် ဒန် …ဇါတ်ရှိန်လေးတက်သွားအောင် တီးလုံးလေးထည့် လိုက်တယ်….စပြီ စပြီ ဒီတခါ အတည်။။

ငါ နင်တို့ အားလုံးကို သတိရတယ် ဟာ ။ ငါ ဒီမှာနေရတာ အဆင်ပြေပါတယ် နင် သိတဲ့ အတိုင်းပဲ ငါ က သူငယ်ချင်းတွေ နဲ့ နေရတာ ပျော်တယ် ဟ ။ ဒီမှာက အိမ် နဲ့ ရုံး နဲ့ ပဲ ဒါပေမယ့် စနေ ၊ တနင်္ဂနွေ ဆိုရင်တော့ သိတယ် မဟုတ်လား စင်ကာပူ တစ်နိုင်ငံ လုံးလျှောက်ဒိုးတယ်စိတ်နာနာ နဲ့ ပေါ့ ။ တစ်ချို့ တနင်္ဂနွေတွေဆို သဉ္ဇာ ပါတယ် ။ ဒီမှာလည်း သူငယ်ချင်းတွေ ရှိပါတယ် တခါတလေ သူတို့ နဲ့ ပေါ့။။ ငါ တစ်နှစ်ပြည့်ရင် ပြန် လာဦးမှာ ပါ ။

၂၆.၀၁.၀၉ မှာ နင် နဲ့ စကားပြောရ ဦးမှာ ပဲ။ အဲဒီနေ့ မှ စကားအေးအေးဆေးဆေး ပြောကြတာပေါ့ နော်။

အော် အိဟန် မေ့တော့မလို့ တစ်ခုကျန်သေးတယ် ဟ နင်ကလည်း သတိလေးဘာလေးတောင် မပေးဘူး ။ နင် က ကြိုက်တက်လို့ချန်ထားတာ စားမလား ။ မနဲသိမ်းထားရတယ် ဒီမှာက မိန်းမလူဆိုးကြီးတွေက လမ်းသွားရင် လိုက်လိုက်လုတယ် ဟ ။

အတည်ပြောမယ် နင် ဘွဲ့ ရပြီးပြီ ဆိုတော့ ဘာတွေဆက်လုပ်မှာ လဲ။ ဥပဒေ လိုင်းအတွက် ချိန်ဘာ ဆင်းမှာ လား။ ဘာသင်တန်းတွေ ဆက်တက်ပြီး ဘာတွေဆက်လုပ်မှာ လဲ။ ဒါမှမဟုတ် စင်ကာပူကို လာပြီး အလုပ်လုပ်ချင်လား။ တခုခု ပေါ့ ဟာ( မကျေနပ်ရင် နှစ်ခုခုပေါ့ နော် ) detail သိချင်တယ် ဒါပဲ ( အမိန့်ပေးတာ မဟုတ်ဘူး ဂရုစိုက်တာ) ။။

နင် ငါ့ ကို ဆက်သွယ်ချင်ရင် အမေ ငါ့ကို ဖုန်းဆက်သလို Internet shop ကနေ pfingo နဲ့ ဖုန်းခေါ်လိုက် လေ

ဒီနံပါတ်ကို - 93365107.

ဒါက Gmail - tayzarkyawjuly20@gmail.com,deepcorner7@gmail.com

ဒါက yahoo- tayzar.kyaw@yahoomail.com

ဒါက VZO ID- july2085

ဒါက Hotmail- tayzarkyaw@hotmail.com

အိမ်လိပ်စာကတော့ အတည်တကျ ဖြစ်သွားရင်ပေးမယ်လေ နော်။

No comments:

Post a Comment

tell me somethings...!