Friday, January 30, 2009

ရန်ကုန် သို့ ပို့ပြီးခဲ့သော စာများ





အိအိဟန် သူငယ်ချင်း


အသဲ ၊ ချစ်ဆုံးကြီး ငါ နင် ကို သတိရပါတယ်ဟာ တခါတခါ နင့် ကို အရမ်းသတိရ လာရင် ဘာလုပ်လဲ သိလား တော်ပါပြီ ပြောတော့ ပါဘူးဟာ သိချင်ရင်တော့ အောင်ကို နဲ့ ကိုဇော် ကို မေးကြည့်ဟာ ။ အထူးသဖြင့် ဘီယာသောက်ဖြစ်တိုင်း ပိုပြီးသတိရတယ် ဟ။ ငါ နဲ့ သဉ္ဇာ နဲ့ စနေနေ့ ညတိုင်း စကိတ်သွားတယ် နင် ရှိရင် တော်တော် ပျော်ဖို့ကောင်းမှာ ဟ။ နင် လည်း လိမ်လမ်မာမာနေတော့ နော် ။။ နင် လူကြီးဖြစ်လာပြီ သိလား။ အေးလေ နင် ကလေး မဟုတ်တော့တာ နင်လည်းသိ၊ ငါလည်းသိ နေတာပဲ နော် ။။ နင် နဲ့ ငါ နဲ့ တနေ့ နေ့ တော့ တွေ့ကြသေးတာပေါ့ဟာ အဲ ဟုတ်ပါဘူး ပြန်ဆုံကြသေးတာပေါ့ လို့ပြောပါ..တော်ပြီဟာ မနောက်တော့ဘူး အတည်ပြောတော့မယ်…ဒန် တန် ဒန် …ဇါတ်ရှိန်လေးတက်သွားအောင် တီးလုံးလေးထည့် လိုက်တယ်….စပြီ စပြီ ဒီတခါ အတည်။။

ငါ နင်တို့ အားလုံးကို သတိရတယ် ဟာ ။ ငါ ဒီမှာနေရတာ အဆင်ပြေပါတယ် နင် သိတဲ့ အတိုင်းပဲ ငါ က သူငယ်ချင်းတွေ နဲ့ နေရတာ ပျော်တယ် ဟ ။ ဒီမှာက အိမ် နဲ့ ရုံး နဲ့ ပဲ ဒါပေမယ့် စနေ ၊ တနင်္ဂနွေ ဆိုရင်တော့ သိတယ် မဟုတ်လား စင်ကာပူ တစ်နိုင်ငံ လုံးလျှောက်ဒိုးတယ်စိတ်နာနာ နဲ့ ပေါ့ ။ တစ်ချို့ တနင်္ဂနွေတွေဆို သဉ္ဇာ ပါတယ် ။ ဒီမှာလည်း သူငယ်ချင်းတွေ ရှိပါတယ် တခါတလေ သူတို့ နဲ့ ပေါ့။။ ငါ တစ်နှစ်ပြည့်ရင် ပြန် လာဦးမှာ ပါ ။

၂၆.၀၁.၀၉ မှာ နင် နဲ့ စကားပြောရ ဦးမှာ ပဲ။ အဲဒီနေ့ မှ စကားအေးအေးဆေးဆေး ပြောကြတာပေါ့ နော်။

အော် အိဟန် မေ့တော့မလို့ တစ်ခုကျန်သေးတယ် ဟ နင်ကလည်း သတိလေးဘာလေးတောင် မပေးဘူး ။ နင် က ကြိုက်တက်လို့ချန်ထားတာ စားမလား ။ မနဲသိမ်းထားရတယ် ဒီမှာက မိန်းမလူဆိုးကြီးတွေက လမ်းသွားရင် လိုက်လိုက်လုတယ် ဟ ။

အတည်ပြောမယ် နင် ဘွဲ့ ရပြီးပြီ ဆိုတော့ ဘာတွေဆက်လုပ်မှာ လဲ။ ဥပဒေ လိုင်းအတွက် ချိန်ဘာ ဆင်းမှာ လား။ ဘာသင်တန်းတွေ ဆက်တက်ပြီး ဘာတွေဆက်လုပ်မှာ လဲ။ ဒါမှမဟုတ် စင်ကာပူကို လာပြီး အလုပ်လုပ်ချင်လား။ တခုခု ပေါ့ ဟာ( မကျေနပ်ရင် နှစ်ခုခုပေါ့ နော် ) detail သိချင်တယ် ဒါပဲ ( အမိန့်ပေးတာ မဟုတ်ဘူး ဂရုစိုက်တာ) ။။

နင် ငါ့ ကို ဆက်သွယ်ချင်ရင် အမေ ငါ့ကို ဖုန်းဆက်သလို Internet shop ကနေ pfingo နဲ့ ဖုန်းခေါ်လိုက် လေ

ဒီနံပါတ်ကို - 93365107.

ဒါက Gmail - tayzarkyawjuly20@gmail.com,deepcorner7@gmail.com

ဒါက yahoo- tayzar.kyaw@yahoomail.com

ဒါက VZO ID- july2085

ဒါက Hotmail- tayzarkyaw@hotmail.com

အိမ်လိပ်စာကတော့ အတည်တကျ ဖြစ်သွားရင်ပေးမယ်လေ နော်။

မေကြီး ရေ….!


မေကြီးသား စာရိုက်လိုက်ပါတယ် ……. သား လက်ရေးလေးတွေ လှလာတယ် မဟုတ်လား .. ဟီ ဟီ။ သား အစစ အရာရာ အဆင်ပြေပါတယ် မေကြီး..ရ။ သား ကျောင်းတက်ဖို့ လုပ်နေတာက အဆင်တော့ပြေမှာပါ..။ နောက်နှစ်လောက်ကြမှ စတက်လို့ရမယ်ထင်တယ်..။ ဒါပေမယ့် ခုကတည်းက လျှောက်လွှာတွေတင်ထားရတယ်..။ အဲဒီအတွက် ပိုက်ဆံတော့ နည်းနည်းကုန်တာပေါ့ ဒါပေမယ့် မလျှောက်လို့မှ မရတာနော်..။ မေကြီးရော ကျောင်းတက်မလား..။ တက်ချင်ရင် သားကျောင်းထားပေးမှာ ပေါ့..။

မေကြီးလည်း အရမ်းပင်ပင်ပမ်းပမ်းတွေ လျှောက်မလုပ်နေနဲ့ နော်..။ ကျန်းမာရေးကို ဂရုစိုက် ဦးနော်..။ လိုတာရှိရင် မှာလိုက် သား ပို့ပေးမယ် ။ သား ခုနေတဲ့အိမ်က ထမင်း၊ ဟင်းချက်စားလို့ မရဘူး မေကြီးရ ..။ ဒါကြောင့် နောက်တစ်အိမ်ကို ပြောင်းတာ..။ သား ခု စက်ဘီးတစ်စီးရယ်၊ စကိတ် ရယ် ၀ယ်ထားတယ်..။ အို ခွက် ပန်းကန် တွေကတော့ အားလုံးပြန်ဝယ်ရမှာပေါ့ ..။

မနက် ၇း၀၀ နာရီဆို အိပ်ရာထတယ်..။ မျက်နှာသစ် ရေချိုး ပြီးတော့၇း၃၀ ကားမှတ်တိုင်ကိုရောက်တော့ ၇း၄၅ ကားက ၇း၅၀ လာတယ် ကွတ်တိပဲ ဒီကကားတွေက အချိန်မှန်တယ် မေကြီးရ..။ ရုံးနားက ကင်တီကို ရောက်တော့ ၈း၁၅ မနက်စာ စားလိုက်တယ်...။ (ပလာတာ နဲ့ ဆိတ်သား) ၈း၃၀ ရုံးမှာ စပြီး အလုပ်လုပ်တယ်..။ အလုပ်က မပင်ပမ်းပါဘူး ကွန်ပြူတာရှေ့မှာ ထိုင်နေရုံပဲ..။ ၁၂း၀၀ ဒေါင်ဆိုတာ နဲ့ ထမင်းဆင်းစားတယ်..။ နေ့လယ်စာပေါ့ ၁ နာရီအချိန်ရတယ်..။ သားရဲ့ နေ့လယ်စာ ကတော့ ဓါတ်ပုံရိုက်ပြီးထည့်ပေးလိုက်တယ်..။ နေ့လည် ၁း၀၀ ကနေ ညနေ ၆း၁၅ အထိ ရုံးမှာနေရတယ်။ အိမ်ပြန်ရောက်တော့ ၇း၀၀ ရေချိုးပြီး ထမင်းသွားစားတော့ ၈း၃၀ ပြီးရင် တခါတလေ စက်ဘီးလျောက်စီးတယ်..။ ည ၁၁း၃၀ လောက်ဆို အိပ်ပြီ။ …………ဒါ တွေကတော့ သား ရဲ့ နေ့စဉ် အလုပ်တွေပေါ့..။ သား က တနင်္လာ ကနေ သောကြာ အထိပဲ အလုပ်ဆင်းရတာ တခြားလူတွေ အားလုံးက စနေပါ ဆင်းရတယ်..။ အဲတော့ သားက ကြားရက်တွေ မှာ ၆း၁၅ အထိ အချိန်နည်းနည်းပိုဆင်းပေးရတယ်လေ..။ နောက်ပိုင်း ကျောင်းတက်ဖြစ်ရင် စနေ၊ တနင်္ဂနွေ တက်ရမှာ မေကြီးရ ..။ တစ်ပြည့်လို့ သားပြန်လာရင် မေကြီး စင်ကာပူကို လိုက်လည်ပေါ့ သား ပြန်လာခေါ်မယ်..။ အစက မေကြီးကို လိုက်လားခိုင်းမလို့ တစ်လနှစ်လလောက်နေရင်..။ ဒါပေမယ့် သား မေကြီးကို စိတ်မချဘူး၊ စိတ်ပူတယ် သား ကိုယ်တိုင်လာခေါ်မယ်..။ တနှစ်ဆိုတာ ခဏလေးပါ မေကြီးရ ..။ ခုတောင် ၅ လ ကျော်နေပြီ..။ ဒီအတောအတွင်း ကျန်းမာရေးကို ဂရုစိုက်နော်..။ မေကြီးသားကိုတွေ့ ချင်ရင်ပြောလေနော်.. သား ချက်ချင်းပြန်လာခဲ့မယ်..ဟုတ်ပြီလား..။ မေမေချစ်တဲ့

သား.. တေဇာ


အဖိုး


မြေးတေဇာ စာရေးလိုက်ပါတယ်.. အရင်ကတည်းက စာရေးမလို့ပါပဲ .. ဒါပေမယ့် လူကြုံမရှိတာရယ် ရောက်ရောက်ချင်းဆိုတော့ နေသားတကျမရှိသေးတာတွေ ကြောင့် စာမရေးဖြစ်ခဲ့ဘူး..အဖိုး သားပြန်လာရင် လျှောက်လည်ကြမယ်လေ .. အဖိုး က ကျန်းမာရေးကို ဂရုစိုက်နော် .. ဒါမှလျှောက်လည် လို့ရမှာပေါ့ ဟုတ်ဘူးလား..။ အဖိုး ကိုသားငယ်ငယ်လေးကတည်းက သား ဘာတခုမှ မတားခဲ့ဖူးဘူး နော် ဒီတခါတော့ သားမှာစရာ ရှိလာပြီ..။ အဖိုး အရင်လို ဆေးလိပ်တွေသောက်နေသေးလား..။ ဆေးလိပ်တွေ သောက်နေသေးတယ် ဆိုရင်လည်း လျှော့သောက်တော့ နော် ..။ မသောက်တော့ဘူး ဆိုရင်လည်း ဆက်မသောက်တော့ နဲ့ နော် ..။ ဆေးလိပ် က အဖိုး နဲ့ မတည့်ဘူးလို့ သား ထင်တယ်.. ဟုတ်တယ်ဟုတ်..။ပြီးတော့ ကျန်သေးတယ် လက်ဘက်ရည်ကို အရမ်းချိုချိုကြီးတွေ မသောက်တော့ နဲ့ နော် ..။ မနက်စောစောထပြီးလမ်းလေ ဘာလေ လျှောက်ပေါ့ ကျန်မာရေး အတွက်ကောင်းတယ်..။ တစ်ယောက်တည်း လမ်းလျှောက်ရမှာ ပျင်းရင် အဖွား ကို ပါခေါ်သွားပေါ့ .. နော်..။ တစ်ယောက်တည်းဆို ရင်တော့ အဝေးကြီးကို လမ်းမလျှောက်နဲ့ တော်ကြာ အဖိုး မောနေဦးမယ်..။ အိမ်ရှေ့မှာပဲ ကောင်မလေးတွေ ကြည့်ရင်းလျှောက်ပေါ့ အဲဒါ အမောပြေတယ် အဖိုး ..။ အဖိုး လိုတာရှိရင်ပြောနော် .. မေကြီး နဲ့ မှာလိုက်ဟုတ် ပြီလား..။

သား လေ အဖိုး (၇ )ဈေးထဲမှာမုန့်တွေ ၀ယ်ကျွေးတာကို အရမ်း သတိရတာပဲ..။ ဒီမှာ က တနေ့ တနေ့ ပေါင်မုန့်နဲ့ ပဲ လုံးချာပတ်ချာလယ်နေရတာ အဖိုး..ရ ..။ နောက်ပိုင်း သားအချိန်ရရင် အေးအေးဆေးဆေးဖြစ်ရင် စာတွေရေးလိုက်မယ်..နော်..။ သား အဝေးကနေပဲ ဆုတောင်းပေးလိုက်တယ် ..အဖိုး ကျန်ကျန်မာမာ ပျော်ပျော် ရွှင်ရွှင် နဲ့ နေနိုင်ပါစေလို့….သား တို့ မြေး သုံးယောက်ကို အနွန်နာ ခဲ့သလို သား တို့ သားတွေ၊ သမီးတွေ ရရင် အဖိုးတို့ဆီလာပို့ထားမှာ နော် ..။ ဒါ ကြောင့် အဖိုး ကျန်မာရေးကို ဂရုစိုက် ဒါမှ အဖိုးရဲ့ မြစ်တွေ နဲ့ အတူတူ ဈေးထဲမှာ မုန့်တွေလျှောက်ဝယ်စားလို့ရမှာ ..။ သား ပြန်လာရင် အဖိုးကို ခေါ်ပြီးလျှောက်လည်မှာ အဖိုး အားတွေမွေးထားနော်..။

အဖိုး ရဲ့ မြေး

တေဇာ


အဖွား…. ရေ


သား စားရေးလိုက်တယ်…။ သား အဖွား ကို အရမ်းသတိရ တာပဲ အထူးသဖြင့် ထမင်းစားတိုင်း သတိရတယ် အဖွား ရာ…။ ဒီမှာ အဆင်မပြေဆုံးက အစားအသောက်ပဲ အဖွား ရ..။ ကြက်သားကိုတောင် ဘာသားမှန်း မသိလောက်အောင် ချက်ပစ်လိုက်တာ ..။ သား ကတော့ တစ်ပါတ်တစ်ခါ ဗမာတွေ ရောင်းတဲ့ ထမင်းဆိုင်မှာ သွားသွားစားတယ် … ။

အရင်ကဆို အဖွားက တစ်ပါတ်တစ်ခါ သားကြိုက်တဲ့ ဟင်းတွေကို ရန်ကုန် ဟိုဘက်အစွန် ကနေ ဒီဘက်အစွန် ခရီးအဝေးကြီးကို ယူလာတယ်…သား စားချင်တာတွေကို ချက်ကျွေးတယ် ..ပြီတော့ မုန့်ဖိုးတောင်ပေးပေး သွားသေးတယ် လေ.. သား မှတ်မိသေးတယ် အဖွား သားကို ပထမ ဆုံးမုန့်ဖိုးပေးတော့ ၅ ကျပ် ပြီးတော့ ၂၀ ၊ ၅၀၊ ၁၀၀ သားရဲ့ မုန့်ဖိုးတွေကို အဖွားက ကုန်ဈေးနှုန်းနဲ့ အတူလိုက်ပြီး တိုးတိုးပေးခဲ့တာလေ…… သား ဘယ်မေ့ပမလဲ အဖွား ရယ်…။ ဒါပေမယ့် အဖွား လိုမျိုး အဖွားတို့ ၊ အဖိုးတို့ ကို မပြုစု မစောင့်ရှောက်နိုင်ဘူး ဖြစ်နေတယ် .. အခု သားက အဖွားတို့ ရဲ့ အဝေးမှာရောက်နေတယ်..။

သား ပြန် လားတဲ့ တနေ့ အဖွား သားကို ထမင်းတွေ ၊ ဟင်တွေ ချက်ကျွေးရမယ် နော်..။ သား က အဲဒီ အချိန် အထိ မနဲ သည်းခံပြီးစားနေရ ဦးမှာ အဖွား ရ…။ သား အတွက်စိက်မကောင်း မဖြစ်နဲ့ ဦးနော် …သား ဒီလ အိမ်ပြောင်းပြီးရင် ချက်စားလို့ရပြီ အဖွား ရ..။ ၀ယ်စားစရာ မလိုတော့ဘူးပေါ့ အဖွား ရာ..။ အဖွားဆီက သင်ထားတဲ့ ပညာတွေ ကို အသုံးချရတော့မှာပေါ့ ..။ အဖွား က အချက် အပြုတ်တင် သင်ပေးခဲ့တာ မဟုတ်ဘူး..စီးပွားရေး နဲ့ အရောင်း အ၀ယ်ပါသင် ပေးခဲ့တာလေ … အဖွားမှတ်မိသေးလား သား ငယ်ငယ်တုန်းက သားတို့ မြေး အဖွား နှစ်ယောက် ကလစ် တွေ ရောင်းကျတာလေ… အဖွားက ယူပေးတယ် သား က ကျောင်းမှာ ရောင်းတယ် လေ.. အဲဒီတုန်းကတော်တော် မြတ်တယ် နော် …။ သား ဆီစာရေး ချင်ရင် မှာစရာရှိရင် မေကြီးကို ပြောလိုက်နော်… မေကြီးလုပ်ပေးလိမ့် …

သား လည်း အားရင်အားသလို အဖွားတို့ ဆီစာရေးလိုက်ပမယ်….အဖွားလည်း ကျန်မာရေးကို ဂရုစိုက်နော်…

မြေး

တေဇာ

...*.*.*.*.....
..*...*...*....
...*.....*.....
......*........

Tuesday, December 23, 2008

Tips for Macro Photography.

Macro photography is the art of photographing objectsreally close - like flowers and bugs. Here are some tipsfor fantastic macro photography.
Learn more by clicking below...
http://www.digital-photo-secrets.com/tips/macro.html

Bonus Secret!

Which file format should I use to save my images?
Most camera manuals recommend you use the JPEG formatfor saving your images. But why? Why not one of theother formats available like TIFF or RAW?
It turns out, there's a very simple reason! Clickbelow to learn what the most common file formatsare, and why people recommend JPEG.
http://www.digital-photo-secrets.com/tips/format.html
Until next time.
Happy Photography,
David Peterson

Tips for Baby Photos

Babies are one of the most commonly photographedsubjects. And it's not surprising given they seem to havethis magical 'cute factor' that makes us want tophotograph them!
You need to have some tricks up your sleeve to take atruely great shot of a baby. Particularly because theydon't normally behave on cue, sit still, or look whereyou want them to look!
What are these tricks? Read on....
http://www.digital-photo-secrets.com/tips/baby.html
Until next time.
Happy Photography,
David Peterson