Tuesday, March 30, 2010
အဖိုး....ထံသို့
သား သတိတရနဲ့ စာရေးလိုက်ပါတယ် … အဖိုး နေလို့ထိုင်းကောင်းရဲ့လား…. သား အဝေးကနေ အမြဲဆုတောင်းပေးပါတယ်… အဖိုး လိုတာရှိရင် မေကြီးနဲ့ မှာလိုက်နော်… သား အဖိုးကို ခေါပြီး လျောက်သွားချင်တာ… အဖိုးက ခရီးအဝေးသွားလို့မရဘူး … မောမော နေတယ်ဆိုတော့ သွားလို့မရဘူးဖြစ်နေတာပေါ့… ကျန်းမာရေးကို ဂရုစိုက်နော့် … အဖွားနဲ့လည်း ရန်မဖြစ်နဲ့ ဒါမှ အဖွားက အဖိုး ကို အဖိုးစားချင်တာတွေ အများကြီး ချက်ကျွေးမှာ… အဖွားက ထမင်း၊ ဟင်းချက်တာ ကောင်းတယ်လေ … (ပွစိပွစိနဲ့ ဆူတာကလွဲလို့ပေါ့) …
အဖိုး ရော အဖွား ရော အတွက်ပါ သား မေကြီး နဲ့ လက်ဆောင်တွေ ထည့်ပေးလိုက်မယ်နော်… အဖိုးလည်း လိမ်လိမ်မာမာနေနော်… မတည့်တာတွေမစားနဲ့ သိလား … သား မြတ်သစ်ကို မှာထားတယ် အဖိုးမတည့်တာတွေစား ရင် ပြန်ပြောပါလို့… ပြီးတော့ မြတ်သစ်ကိုလည်း ဆုံးမနော် … အဖိုးရဲ့ ငယ်ဆုံး မြေးထွေးလေးလေ … အဖိုးလည်း သူနှိပ်စက်တာ တော်တော်ခံရမယ်ဆိုတာ သား သိပါတယ်… သား လည်းရွေပြည်သာကို ခဏခေါသွားတာ တော်တော်အီစလန်ဝေသွားတယ် …ငြိမ်ငြိမ်ကိုမနေရဘူး အဖိုးရာ… အဖိုး မြေးမလေးက ရည်းစားတာထားချင်တာ … ကလေးစိတ်ကလည်း မကုန်သေးဘူး…
သား အဖိုးနဲ့ အဖွားကိုလည်း စင်ကာပူကို အလည်ခေါမယ်… အဖိုး ကျန်းမာရေးကို ကောင်းလို့ ခရီးဝေးသွားလို့ရပြီဆိုတာနဲ့ သား ဆီလာလည်လို့ရပြီ အဖိုးရ… ပြီးရင် ဆုဆုလည်း ဒီကိုလာမှာ …. နောက်ပြီးရင် မြတ်သစ်လည်း ကျောင်းပြီးရင် လာလို့ရပြီ… အဲကြရင် အဖိုး မြေးသုံးယောက်နဲ့ ဟိုး ငယ်ငယ်တုန်းကလို ပြန်နေလို့ရပြီ… အဖိုးရော … သားကို သတိရရဲ့လား… သားကတော့ အမှန်တိုင်းပြောရရင် … အဖိုးတို့ အဖွားတို့ကို အချိန်ပြည့် သတိမရနိုင် ရင်တောင် …ဒီက အဖိုးအဖွားတွေကို တွေ့တိုင်း အမြဲသတိရနေပါတယ် … ဖြစ်နိုင်ရင် မေကြီးကိုရော … အဖိုး နဲ့ အဖွားကိုရော သားအနီးကပ် ပြုစုစောင့်ရှောက်ချင်တာပါ … ဒီတစ်ခေါက်ပြန်လာရင် အဖိုးရယ် သားရယ် ဆုဆုရယ်၊ မြတ်သစ်ရယ် ဖဲကစားကြဦးမယ်နော် … ဘုရားဈေးလည်း လျောက်သွားကြဦးမယ်လေ နော်… သား တစ်နှစ်တစ်ခေါက်တော့ ပြန်လာဖြစ်မှာပါ… သား ပြန်မလာသေးခင် အဖိုးလိုတာရှိရင် မေကြီးကို ပြောနော်… အဖိုး စားချင်တာရှိရင်လည်း မေကြီးကို မှာပေါ့ … နော်… သား ကတော့ အဝေးကနေပဲ ဂရုစိုက်နိုင်သလို ဖြစ်နေတယ်… သား အဖိုး ဆီကို စာထပ်ရေးပါဦးမယ်နော်…. အဖိုး ကျန်းမားရေးကို ဂရုစိုက်ပါနော်…သား အဝေးကနေပဲ ကန်တော့ လိုက်ပါတယ် ….အဖိုး ။
အဖိုး ရဲ့ မြေး
တေဇာ
ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။
ကောင်းကင်က မိုးစက်တွေ ခြွေအချ ခပ်ဖွဖွပေမယ့်
အသံသဲ့သဲ့ ကြားလိုက်တယ် .......................မင်း ဘယ်ရောက်နေလည်း သူငယ်ချင်း။
ရေပြင်နဲ့ မိုးစက်တို့ အကြား မင်း ဖန်းတီးလိုက်တဲ့ လှိုင်းဂရက်တွေ
ွ ငါ ဆီကိုရောက်ရောက်လာတယ်............... မင်း အဆင်ပြေရဲ့လား သူငယ်ချင်း။
.......................မှတ်မိနေသေးတယ်ကွာ
........................ငါတို့ ဘ၀ ရေယဉ်ကြော ရောက်လိုဇောတွေနဲ့
........................ဘယ်သူ့ကို အပြစ်ပြောမလဲ
........................ဟို တစ်ယောက် ဒီတစ်ယောက်
........................ဟို တစ်ပေါက် ဒီတစ်ပေါက်နဲ့
........................ခွင့်ရက်တွေမဆုံသ၍တော့ လွမ်းနေယုံပေါ့ကွာ...။
တခါတလေပြန်ရချင်မိတဲ့ ဟိုးတနေ့အခါက ငယ်ဘ၀တွေ
နှောင်းပြန်မရတော့မယ့် ကျောင်းနေရစ်တုန်းက ဘ၀တွေ
ပြောမယုံကြုံမှ ပြလို့ရမယ့် သိပ်ချစ်ကြတဲ့ ငါတို့ သူငယ်ချင်းတွေ
ဘယ်တွေရောက်ရောက် ဘယ်မှနေနေ
ဒီဘ၀ အမောတွေကြား
ငါ တစ်ယောက်တည်း
ခပ်သောသောလေးတောင် မရယ်ဖြစ်တော့လို့

ပြန်ဆုံမဲ့ တစ်နေ့ အတွက်
ကဲ ..........လာ သူငယ်ချင်း
ငါ တို့ အတူတူစီးဆင်းလိုက်ကြရအောင်။
သူငယ်ချင်းအားလုံးသို့ သတိရလျက်။
ဇူလိုင် ......အလွမ်း...။
တီတီတာတာ သူ့စကားသံတွေက
ဇူလိုင်လလည် မိုးရယ်ပါ
ညို့မှိုင်း၍ အေးသည်
လျှပ်ပန်းတို့ဖြင့် ၀င်းသည်
နေ့ရက်ဟောင်းနဲ့
ပွင့်ခဲ့ ဖူးတဲ့ ၀ါဆိုပန်းတို့ရေ
တစိမ့်စိမ့်တွေး လျှင်ဖြင့်
တမြေ့မြေ့ကျွမ်း ရပါပေမည်
တမ်းတစ်ခါ ဆွေးတစ်လှည့်
မငိုနဲ့ မငိုနဲ့လို့
မိုးဦးလေညှင်းသို့ နှယ်
ကိုယ်မာန် ကိုယ်တင်း
ခြေစုံ ဆင်းလျက်
တသက်စာ အလွမ်း
ခဏတာ အတွင်း ကုန်အောင်
ဇွတ် လွမ်းနေရ လေတော့သည်။
(DeepCorner)
Friday, March 26, 2010
Creative Photos
"စိုးထိတ်နေရသူပါ"
ဆွေးတစ်လှည့်
ပြေးထွက်ရက်သူ ကိုမှ
ရင်နင့်အောင်ဆူး
ငါ ဘယ်သူကိုမှ
"မချစ်ဘူး.... မချစ်ဘူး"လို့
အားကုန်ဟစ်ကြွေး
သူ..........
ကြားသွားမှာလည်း စိုးရသေးသည်။
သန်းခေါင်ကျော်ညရဲ့ ခြေသံလိုလိုပါ
မျက်လုံးကို ဇွတ်မှိတ်
ခြောက်ချား စိတ်တွေနဲ့
လက်တစ်ဖက်ကို ဖက်တွယ်ထားရင်း
ငါ့ မီးစာလေး လေအတိုး
မှောင်ရိပ်ပျိုး သွားမှာလည်း စိုးရသည်။
ရောက်မလာတော့မယ့်
မနက်ဖြန်မှာ
ဟိုး............အဝေးရောက်
အလင်းပျောက်ကို ရှာရင်း
ရယ်သံသောသောလေး ကြားလိုက်တယ်
မလှောင်ကြပါနဲ့ဗျာ
တစ်ယောက်တည်း မောမောနေလို့ပါ။
(DeepCorner)
Monday, March 22, 2010
မေကြီးဆီသို့....
သား တော့ ဒီနှစ် ၂ လပိုင်းနဲ့ ၃ လပိုင်းက တော်တော်ကြာတယ်လို့ ထင်မိတယ်… သား မေကြီးကို အရမ်းတွေ့ချင်နေပြီ… သား ဒီမှာ မေကြီးနေဖို့အတွက် အစစအရာရာ အားလုံးစီစဉ်ထားပြီးပြီ … အားလုံးလဲအဆင်သင့်ဖြစ်နေပြီ … မေကြီးရော စာတွေသင်နေရတာ နဲ့ ပင်ပမ်းနေပြီလား … ဒီရောက်မှ အားရပါးရနားပေါ့နော် … မေကြီး ဒီကိုရောက်ရင်နေရမယ့် အိမ်လိပ်စာက …. BLK- 589 B, #08-162
ဒါက သားရဲ့ ဖုန်းနံပါတ်ပါ… HP: 93365107
အိမ်ကအသစ် မေကြီးရ သားတောင် မေကြီးမရောက်ခင် 01.04.10 နေ့မှ အဲကို ပြောင်းရမှာ … အဲတာ ဟိုတစ်နေ့က အဲအိမ်အတွက် Internet Plan သွားလျောက်တော့… ကွန်ပြူတာတစ်လုံး လက်ဆောင်ရတယ် … တော်တော်လှတယ် … Lenovo Idea Center A300 (All-in-one)

Screen က ၂၁ လက်မ ကျယ်တယ် … အမေသားကိုဝယ်ပေးတဲ့ ကွန်ပြူတာလို ဘေးမှာထောင်ထားရတဲ့ System ပုံးကြီးမပါဘူး အမေရဲ့ … အဲပုံးအစားချုံ့ပြီးတော့ Screen အောက်က အဖြူရောင်လေးထောင့်ပြားလေးထဲ အကုန်ထည့်ထားတာ … Keyboard နဲ့ Mouse ကလည်းကြိုးတွေမပါတော့ဘူး… အမျက်စိရှုပ်သက်သာတာပေါ့နော် … ပြီးတော့ ကံစမ်းမဲနိုက်တာ Pioneer DVD Player တစ်လုံးနဲ့ Pioneer Home Theater တစ်စုံ ရတယ်… ရှယ်ပဲ….
အမေ့အတွက် ဒီမှာကတော့ အာလုံးက ရေကန်အသင့် ကြာအသင့်ပါပဲ… အေးအေးဆေးဆေးနားပေါ့နော် … အစကတော့ သားဒီကိုရောက်ရောက်ချင်း အရင်နှစ်ကတည်းက သားမေကြီးကိုခေါ်ချင်နေတာ … ဒါပေမယ့် အဲတုန်းက သားကသူများအိမ်မှာနေရတာဆိုတော့ အမေ ရောက်လာရင် မျက်နှာငယ်ရမှာဆိုးတာကြောင့် သား ပိုက်ဆံစုနေလို့ နဲနဲကြာသွားတယ်… ခုတော့ မေကြီး ဘယ်သူမျက်မှ ကြည့်နေစရာမလိုဘူး အေးဆေးနေလို့ရသွားပြီ… ပရိဘောဂတွေလည်း စုံနေပါပြီ … အမေ့တွက် လိုတဲ့အ၀တ်အစားတို့ ဖိနပ်တို့ကတော့ အမေလာမှလျောက်ဝယ်ကြတာပေါ့ ဟုတ်ဘူးလား …
အရေးကြီးတာတစ်ခုက အမေ ဒီကိုလာမယ့် ၀၃.၀၄.၁၀ နေ့ မှာ လေယာဉ်မထွက်ခင် ၂ နာရီလောက် လေဆိပ်ကို ကြိုသွားရပါမယ်… ပြီးတော့ အမေ့လက်ထဲမှာ အလွယ်တစ်ကူ ထုတ်လို့ထည့်လို့ရတဲ့ ပိုက်ဆံအိပ်တစ်လုံးပါမယ်… အ၀တ်အစားတစ်ချို့ထည့်ထားတဲ့ … အိပ်တစ်လုံးပါမယ်… အ၀တ်အစားအိပ်က လေယာဉ်ပေါရောက်ရင် ထိုင်ခုံအပေါက BOX တွေထဲထည့်ထားရမှာပါ … အဲတာကြောင့် အမေ့ရဲ့ လက်ထဲမှာ ကိုင်ထားမယ့် ( မကြီးမသေး) ပိုက်ဆံအိပ်ထဲကို အမေ့ရဲ့ Passport, White Card , Visa , လေယာဉ်လက်မှတ် , ဘောပင်တစ်ချောင်း (မှင်အဆိုမဟုတ်တဲ့ အပြာရောင်) နဲ့ တစ်ခြားစာရွက်စာတန်းတွေကို သီးခြားစီထည့်ထားပါ… အဲလေဆိပ်ရောက်တာ နဲ့ ဘယ်မှာ Check in ၀င်ရလည်း မေးကြည့်ပါ … ဘာလို့လည်းဆိုတော့ သားပထမဆုံးစင်ကာပူကိုလာတုန်းက Check in ကို (အထုတ်တွေ စစ်တဲ့ ဂိတ်မ၀င်ခင် ) အပြင်မှာ လုပ်ရတယ်… ရန်ကုန်ကို အလည်လာပြီးပြန်တုန်းက Check in ကို အထုတ်တွေစစ်ပြီး အထဲရောက်မှ လုပ်ရတယ် … အဲလို အပြောင်းအလဲ ရှိတက်တော့ လေဆိပ်ကမှာမေးကြည့်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်… ပြီးရင် အထုပ်ကို စစ်တဲ့နေရမှာစစ်ပြိးရင် ကိုယ့်အထုတ်ကိုယ် သယ်ပြီး လေယဉ်ပေါကိုသွားရမှာ လေယာဉ်ပေါတက်ဖို့ ခဏစောင့်ရတယ်… လေယာဉ်ပေါ်မတက်ခင် အမေ့ လေယာဉ်လက်မှတ်နဲ့ လေယာဉ် ခုံနံပါတ်ဖြတ်ပိုင်းလေးတစ်ခုကို လဲပေးလိမ့်မယ်… လေယာဉ်ပေါ်ရောက်ရင် ခုံနံပါတ်ကိုရှာ… ပြီးရင် အ၀တ်အစားအိပ်ကို ခေါင်းပေါ်က BOX ထဲထည့်ရတယ်… မနိုင်လို့ရှိရင် လေယာဉ်မယ်တွေကို အကူအညီတောင်းပြီးထည့်ခိုင်လို့ရတယ်… အဲလေယဉ်ပေါ်မှာ ချိတ် or ပါတိတ် ၀မ်းဆက် ၀တ်ထားတဲ့ ဗမာ အမကြီး ၂ ယောက်ပါတယ်… ၀တ်စုံက အရောင်မတူဘူး တစ်ယောက်က MAI အတွက်လေယာဉ်မယ်… နောက်တစ်ယောက်က Jetstar အတွက်လေယာဉ်မယ်… နှစ်ယောက်လုံးတစ်ဘောကောင်းတယ် …လှလည်းလှတယ်…ဟီဟိ… ပြီးရင်လေယာဉ်စထွက်ပြီဆိုတာနဲ့ သူတို့က ခရီးသည်တွေ သိသင့်တာတွေကို ကြေငြာပေးလိမ့်မယ်… ခါးပတ် ပတ်ဆိုပတ်လိုက်ပေါ့ …သူတို့ပြောတာတွေကို လိုက်လုပ်ဖို့တော့လိုတယ်… လေယဉ်ကစပြီး တက်ပြီဆိုတာနဲ့ နားနဲနဲ လေထွက်ပြီး အူးလာလိမ့်မယ်…ပြီးတော့ စကားပြောရင် ကိုယ့်အသံတောင်ကိုယ်မကြားဘူးဖြစ်မယ်… မစိုးရိမ်နဲ့သိလား… လေယာဉ် ကောင်းကင်ပေါရောက်လို့ ငြိမ်သွားပြီးဆိုရင် လေယာဉ်မယ်က ခါးပတ်တွေ ဖြုတ်လို့ရပါပြီး ထလို့ရပါပြီး ပြောရင်တော့ အပေါ့ အပါးသွားချင်ရင်လည်းရတယ်… Toilet က လေယာဉ်ရဲ့ အနောက်ပိုင်းမှာရှိတယ်… ခဏနေရင် လေယဉ်မယ်တွေက အစားအသောက်တွေလာပေလိမ့်မယ်… Main Food အနေနဲ့ကတော့ ပုံမှန်ဆို chicken
… ဘယ်ကိုသွားရမှန်းမသိသေးရင် … လမ်းညွန်ဆိုင်းဘုတ်တွေကို ကြည့်ပြီးသွားလို့ရတယ်… အမေက Arrival Hall ဆိုတဲ့ မျှားအတိုင်းလိုက်လာရမှာ … တော်တော်လေးတော့ လျောက်ရတယ်…

လွယ်ပါတယ်… တကယ်လို့ အဆင်မပြေရင် လေယာဉ်ပေါကအတူတူထွက်လာတဲ့ လူတွေကိုမေးလို့ရပါတယ်…လေယဉ်တစ်စီးလုံး ၈၀ % က မြန်မာတွေပဲလေ…ပြီးတော့
အမေကို ဒီစာနဲ့ အတူ White Card ၂ ခုထည့်ပေးလိုက်တယ်… တစ်ခုက ဖြည့်ပြီးတား အမေလက်မှတ်ထိုးယုံပဲ… တစ်ခုကတော့ အပိုပေါ့ လိုရင်သုံးဖို့ …

ဒါမျိုးလေးပါ … White Card လို့ခေါကျတယ်… စင်ကာပူလေဆိပ်ရောက်လို့ Emigration ကိုဖြတ်တဲ့ အခါ Passport, Visa တို့နဲ့အတူတူပြရမှာပါ… အဲကျရင် Officer က White Card ရဲ့ ကြီးတဲ့အပိုင်းကို ဖြဲယူထားလိမ့်မယ် … ခုပုံမှာပြထားတဲ့ အပြာရောင်ဘောင်ကွတ်ထားတဲ့ အပိုင်းလေးကို အမေ့ကိုပြန်ပေးလိုက်လိမ့်မယ် … အဲဒီ ဖြတ်ပိုင်းအသေးလေးကို Passport နဲ့ အတူသိမ်းထားရမှာပါ … အဲဒီ Emigration ဂိတ်ကို ဖြစ်ပြီးတာနဲ့ အမေနဲ့ သားနဲ့ တွေ့ရပြီလေ … သား မျှော်နေမယ်နော် … မေကြီ…
မေမေချစ်တဲ့ သား
တေဇာ
အမုန်းခံဘဝ
အခန်းထောင့်က ပင့်ကူနက်ကြီး
သူ ရဲ့ နှလုံးသား အစာအဟာရအတွက်
ဦးနှောက်တွေကို အရှင်လတ်လတ်ဖေါက်စားနေသလို
ကမ္ဘာကြီးဘယ်ဘက် လည်နေသလဲဆိုတာထက်
ဟစ်တလာရဲ့ အိမ်မက်တွေကို
ပိုပြိး စိတ်ဝင်စားခဲ့ကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
သိမ်ငယ်စိတ်တွေနဲ့ ပုန်းလျှိုးနေသူကို
မကြောက် ကြောက်အောင် ခြိမ်းခြောက်တက်တဲ့ ပတ်ဝန်းကျင်ကြီးပါ။
အမုန်းဒဏ်ကို အလူးအလဲခါးစီးခံနေရသူရှေ့မှာ
အားရပါးရ လှချင်တိုင်းလှ ချစ်ချင်တိုင်ချစ်ပြနေကြတဲ့ ပတ်ဝန်းကျင်ကြီးပါ။
ရှုံးသင့်လို့ ရှုူံး ၊ ဆုံးသင့်လို့ ဆုံးခဲ့တာဆိုရင်
ရှိစတော့ ငါ့ကိုယ် ငါ ပျိုး ဒီမြေဇာမျိုးမှာ
အဘယ်အမုန်းပင်မျှ မရှင်သန်စေရ
နောင် အခါ ဒီကမ္ဘာမှာ
မုန်းရန် မုန်းကြွင်း မုန်းရိပ်ကင်း၍ လင်းမည်ဆိုလျင်
ငါ အသက်ရုပ်ကြွင်းတို့ဖြင့် နေရာမလပ်အောင်
အကြိမ်ကြိမ် အခါခါ မွမ်းမံခွင့်ပေးပါအံ့..။
Monday, March 15, 2010
ကံစမ်းမဲပေါက်ခဲ့တယ်.......
သောကြာနေ့ ( ၁၂.၀၃.၁၀ ) ညနေဘက် ရုံးကနေအပြန် ၂၀၁၀ အိုင်တီရှိုးပွဲသွားဖြစ်ခဲ့တယ်... အကြောင်းကတော့ ၃၁.၀၃.၁၀ မှာပြောင်းမဲ့ အိမ်အသစ်အတွက် အင်တာနက်လျောက်ဖို့ပေါ့...Singapore ရဲ့ ထုံးစံအတိုင်းပေါ့ ရှင်းရှင်းလေးကို ရှုပ်ယုက်ခက်အောင်ရေးထားတဲ့ သူတို့ရဲ့ စာပေအနှပညာကွပ်မြူးမူတွေအောက်မှာ ၂ နာရီလောက်လုံးလည်ချာပတ်လည် လိုက်ပြီးတဲ့နောက်မှာ နောက်ဆုံး ...အစစအရာရာပါအဆင်ပြေနိုင်မယ်ထင်တဲ့ ဒီPlan လေးကိုရွေးဖြစ်တယ် ... Starhub ကပါပဲ...


အဓိက ကတော့ Lanovo Idea Center A300 ကို လက်ဆောင်ပေးမယ်ဆိုတာရယ်...
100 Mbps speed ရလို့ရယ်ပါ...
ဒါပေမယ့် အမေ့သားရဲ့ ထုံးစံအတိုင်းပေါ့ တန်းစီပြီခါမှ အိမ်ငှားစာချုပ်မပါလို့တဲ့ နှစ်ခေါက်ပြန် နှစ်ခါလုပ်ရတဲ့ ပုံစံပဲဖြစ်လာတာပါပဲ...အဲတာနဲ့ အိမ်ပဲပြန်လာခဲ့လိုက်တယ်...
စနေနေ့ မနက်စောစောထပြီး အိုင်တီရှိုးပွဲက Starhub ကိုအပြေးသွားတယ်...သူတို့ Starhub ရဲ့ ဘယ် service နဲ့ပဲဖြစ်ဖြစ် ပထမဆုံး customer ၁၀၀ ကို Golden Village က movie tickets ၂စောင် နဲ့ pop corn tickets တွေ ပေးမယ်ဆိုတာကိုး...။ ရောက်ပါတယ် မနက် ၁၀း၃၀ လောက် ... စဖွင့်မှာက ၁၁း၀၀ နာရီဆိုတော့ အေးဆေးပဲပေါ့...ဆိုပြီးတက်သွားလိုက်တာ တန်းစီနေတဲ့ အတန်းကြီးက ပဲခူးနဲ့ သန်လျင်လောက်ရှည်မယ်ထင်တယ်...စိတ်ကိုတော့ လျော့လိုက်တယ်... "အော် ပထမဆုံး customer 100 မှာ ငါ မပါနိုင်တော့ဘူးလို့ပေါ့..." ဘာပဲဖြစ်ဖြစ်အဓိကလိုရင်က Internet Line လျောက်ရမှာဆိုတော့ ၀င်တန်းစီလိုက်ပါတယ်... လူဘယ်လောက်များလဲတော့မသိဘူးနော်...၁၀း၃၀ ကနေစတန်းစီလိုက်တာ ၃း၀၀နာရီထိုးကျော်မှ အကုန်ပြီးတယ်...ပြီးတော့ Modem ၂လုံးဝယ်လိုက်ရတယ်...
တစ်လုံးက အိမ်ဖုန်းသုံးနိုင်ဖို့အတွက် (voice enable modem)
နောက်တစ်လုံးက 100 Mbps speed ကို support လုပ်ပေးနိင်တဲ့ (Motorola Surfboard extreme cable modem)
၂ ခုလုံးကတော့ cable modem တွေကြီးပဲ... wireless သုံးဖို့အတွက်ကတော့ wireless router ထပ်ဝယ်ရမှာပေါ့... Starhub ကတော့ modem ပဲရောင်းပေးတယ်လေ... အစကပစ္စည်းတွေ အများကြီးသယ်ရမယ်ထင်တာ...နောက်တော့ modern ၂ လုံးပဲသယ်ရမလိုဖြစ်နေတယ်... Lenovo Idea Center A300 ကလည်း ၂၄.၀၄.၁၀ ကြမှ Funan မှာသွားထုတ်ရမှာတဲ့လေ...အဲတာနဲ့ ဗိုက်လည်းဆာနေတာ့ အိမ်ပဲတန်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တယ်... အပေါက်ဝရောက်တော့ လူတွေတန်းစီနေတဲ့ ကောင်တာတစ်ခုကိုတွေ့ပြန်ရော... မယောင်မလည်နဲ့ ဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ ... သိသွားတယ်... ဘောက်ချာပြပြီးကံစမ်းမဲနှိက်ရတာဖြစ်နေတယ်... ဘယ်ရမလဲ အဲတာမျိုးကတော့ ဗိုက်ဆာတာ ပါမေ့သွားတယ်...တန်းစီရင်းနဲ့ အရှေ့ကလူတွေဘာရလဲ စောင့်ကြည့်နေတာ sony earphone လေးတစ်ခုရတာပဲတွေ့သေးတယ်...အဲတာနဲ့... သားအလှည့်လည်းေ၇ာက်ရော (ဘာပဲဖြစ်ဖြစ်ရင်တော့ခုန်နေတယ်) ကောင်တာက ကောင်မလေးကို ဘောက်ချာပေးလိုက်တယ်...တံဆိပ်တုံးထုပြီး စာအိပ်တစ်အိပ်နဲ့ ဘောက်ချာပြန်ပေးတယ်... ဘာဆက်လုပ်ရမှန်းမသိတာနဲ့ ကောင်တာက နောက်ထပ်အကိုးကြီးတစ်ယောက်ကိုမေးလိုက်တယ်... ဒီစာအိပ်ကဘာလဲပေါ့...အဲတော့ သူက ကပြာကယာနဲ့ စာအိမ်ကိုလှန်းယူပြီး..."ဒါရုပ်ရှင်လက်မှတ်ပါတဲ့ ...မှားပေးမိတဲ့ အတွက် တောင်ပန်းပါတယ်တဲ့... သတ်မှတ်ထားတဲ့ အယောက် ၁၀၀ ကျော်သွားလို့ပါတဲ့..." စိတ်ထဲမှာနဲနဲတော့တင်းသွားတာပေါ့...လက်ထဲပူအောင်တောင်မကိုင်လိုက်ရတဲ့ ရုပ်ရှင်လက်မှတ်ကို ပြန်ယူသွားတယ်လေ... ဒါပေမယ့် ကံစမ်းမဲတော့ နှိပ်လို့ရပါသေးတယ်တဲ့... အဲတာနဲ့ တင်းတင်းနဲ့ ဇွတ်နှိက်လိုက်တယ်(ကံစမ်းမဲပုံးထဲကို) စာရွက်ခေါက်လေးတစ်ခုပါလာတယ်... Stapler နဲ့ ချုပ်ထားတယ် ... ဖြည်ကြည့်မယ်လည်းလုပ်ရော...ကောင်တာက အကိုကြီးက ဆက်ကနဲယူသွားတယ်( ခါးပိုက်နှိက်ကြနေတာပဲ) သူဖြည်ပေးမယ်ပေါ့... ပြီးတော့ သူဟာသူကြည့်တယ်( ကံစမ်းမဲစာရွက်ကို) ...တစ်ချက်ပြုံးပြတယ်...ကံစမ်းမဲစာရွက်လေးယူပြီးထဲဝင်သွားတယ်...တခြားအကိုကြိးတစ်ယောက်က ပုံးကြီး၂ ပုံးမပြီးထွက်လာတယ်...ပြီးတော့ ကျွန်တော်ရဲ့ ရှေ့တည့်တည့်က ကောင်တာမှတင်ပြီးတွန်းပေးတယ် ... "အဲတာ ကျွန်တော်ဟာမဟုတ်ပါဘူးလို့ပြောလိုက်တာပေါ့နော်"...အဲအချိန်မှာခုဏက ကျွန်တော်ကံစမ်းမဲ စာရွက်ယူသွားတဲ့ အကိုကြီးကထွက်လားပြိး "ဒါတွေက မင်းကံစမ်းမဲပေါက်လို့ပေးတာတဲ့" အဲလိုပြောတော့... တော်တော်ပျော်သွားတယ် ... ရုပ်တရက်ထီပေါက်လိုက်သလိုပဲ ... ဒါပေမယ့် အပျော်ကိုချက်ခြင်းရပ်၊ မျက်နှာပိုးကိုသပ်ပြီး ပေးတဲ့ ပုံးနှစ်ပုံးကို(ဘာပုံးတွေမှန်းတော့ ချက်ခြင်းမသိသေးဘူး) မပြီး မနိုင်မနင်းနဲ့ ထွက်လာလိုက်တယ် ...ကောင်တာနဲ့ ဝေးတဲ့နေရာကိုပေါ့...တော်ကြာ ရုပ်ရှင်လက်မှတ်လို "မှားသွားလို့နော်" ဆိုပြီးပြန်တောင်းရင် ဒုက္ခ။ မြေညီထပ်ကိုဆင်းဖို့ Life နားရောက်တော့ ပုံးတွေချပြီးသေချာကြည့်တော့မှ....
Pioneer DVD Player တစ်လုံးနဲ့ Pioneer Home Theater တစ်စုံ ဖြစ်နေတယ်...အိမ်အသစ်ပြောင်းရမှဆိုတော့ အတော်ပဲ... မိုးနက်မင်းကြီးကိုကျေးဇူးတင်လိုက်တာနော်....(မိုးတအားမရွာလို့)...Panizula ကိုပြန်ပြေးရဦးမယ်လေ ... ထမင်းလည်းမစားရသေးဘူး... ဆံပင်လည်းညှပ်ချင်တယ်... တစ်ယောက်တည်း သယ်ရတာလဲ အဆင်မပြေတော့ Pooh ကိုပဲ ဖုန်းဆက်ပြီးခေါရတော့တာပေါ့... အစကတော့ မနက်ကတည်းက pooh ကရုံးဆင်းရင်လိုက်လာမယ်တဲ့...ဒါပေမယ့် နောက်တော့သူစိတ်ပြောင်းသွားတယ်ထင်တယ်...ပင်ပန်းလို့တဲ့ အိမ်ပဲတန်းပြန်မယ်ဆိုပြီး အိမ်ကိုပြန်သွားလေရဲ့...အခုသယ်ဖို့မနိုင်လို့ လှမ်းခေါရမှာအားတောင်နာမိတယ်...ဒါပေမယ့်လည်း သူပဲရှိတာကို ခေါရတော့တာပေါ့... အဲတာနဲ့ ဖုန်းဆက်လိုက်တယ်...ကံစမ်းပဲပေါက်လို့ ဒါတွေ ဒါတွေရတယ် မနိုင်ဘူးလာကူသယ်ပေးပါဆိုတော့... စောင့်နေတဲ့ ချက်ချင်းလာခဲ့မယ်တဲ့...ဟဟ ( အားကိုးရတယ်သိလား (Pioneer လေးကြောင့်ထင်တယ်))... Pooh ကို တော်တော်လေးတော့စောင့်လိုက်ရတယ်...ပြီးတော့ နှစ်ယောက်တား မနိုင်မနင်းနဲ့ Pannizula ကို သွားပြီးထမင်းစားတယ် ... သားက ဆံပင်ညှပ်တယ်...ပြီးတော့ အိမ်ကိုပြန်လာကျတယ် ... အဲနေ့က တော်တော်လေးပင်ပန်းသွားတယ်...ညရောက်တော့ လက်မောင်းနဲ့ ခါးတွေက အရမ်းအောင့်ရောပဲ ...မေကြီးရ...ဘာပဲဖြစ်ဖြစ် မေးကြီးဒီရောက်လို့ နေ့ချင်းပျင်းနေမှာ မပူရတော့ ဘူးပေါ့...