Friday, May 21, 2010

အမုန်း ဝှက်တမ်း....

တစ်ဝက်တစ်ပျက် အိပ်မက်တွေ
အခါခါ ရောက်လို့
ဘယ်လိုဆက်ဆက်
အကောင်းတိုင်း ပြန်မရနိုင်တော့တဲ့အခါ
ဘ၀နဲ့ အိပ်မက်တွေကြား
ပဋိပက္ခတွေ ဖြစ်နေကြလေရဲ့။
အဲဒီလိုနဲ့
အမုန်းဆိုတာတွေပေါ့
ဝုန်းဒိုင်းကြဲကျနေတဲ့နေ့မှာ
တွေဝေတတ်တဲ့ ငါ့နှလုံးသားကို
အနှစ်နှစ် အလလ သံယောဇဉ်တို့နဲ့
မလုံတလုံ ဖုံးဝှက်ထားလိုက်တယ်။
ဘယ်တတ်နိုင်မလဲ...နော်
မသေမသပ် ဆင်မြန်းထားတဲ့
စိတ္ထဇအတွေး
ခဏတာ ဘ၀လေးအတွက်
တိတ်တဆိတ်လေး ငေးနေလိုက်တယ်
ဘ၀နဲ့ အိပ်မက်တွေကြား
အမုန်းမာန်ကြီး နိုးထလာမှာ .....စိုးလို့။

No comments:

Post a Comment

tell me somethings...!