Friday, April 9, 2010

National Flower: Burma Padauk!

National Flower: Burma Padauk!

ဒီမနေ့ မနက် အလုပ်လာလာ လမ်းမှာ မွှေးလိုက်တာဆိုပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တော့ ပိတောက်တွေ ပွင့်နေတာ တွေ့ လိုက်ရတယ်။ ဒီနှစ်အတွက်ဆို ဒီနိုင်ငံမှာ ပထမဆုံးတွေ့ တဲ့ ပိတောက်ပေါ့။ မြန်မာပြည်မှာ လို့ ပင်လုံးကျွတ် ၀င်းထိန်နေအောင် ပွင့်တာ မဟုတ်ပေမယ့် ဒီနိုင်ငံမှာ တွေ့ ဖူးသမျှကို မဆိုးဘူး၊ အတော်လေးများတယ် ပြောလို့ ရမယ်။ လမ်းတစ်လျှောက် ပိတောက်ပန်း ရနံ့ လေး သင်းပြီးမွှေးနေတာ အရမ်း သဘောကျတာပဲ။ သိပ်တော့ မခံစားလိုက် နိုင်ပါဘူး။ အလုပ်မှီအောင် မြန်မြန်လျှောက်လာလိုက်ရလို့ ။

ဒီမနက် မြင်လိုက်ရတဲ့ ပိတောက်ပန်းတွေကြောင့် ပိတောက်ပန်းအကြောင်း နည်းနည်းရေးချင်စိတ်ပေါ် သွားတယ်။ ပိတောက်ပန်းက ကျွန်မတို့ နိုင်ငံရဲ့ National Flower ဟုတ်တယ် မဟုတ်လား။

အရှေ့ တောင်အာရှမှာ ရှိတဲ့ နိုင်ငံတွေ နဲ့  အဲဒီနိုင်ငံတွေရဲ့ National Flowers တွေပါ။

  • Burma - Paduak (Pterocarpus Indicus) (ပိတောက်)
  • Singapore - Vanda Miss Joaquim Orchid (သစ်ခွ)
  • Vietnam - Lotus (ကြာ)
  • Thailand - Ratchaphruek (Cassia Fistula Linn) (ငုပန်း)
  • Brunei - Simpor (Dillenia Suffruticosa)
  • Malaysia - Bunga raya (Hibiscus Rosa-Sinensis) (ခေါင်ရမ်းပန်း)
  • Laos - Dok Champa (Plumeria) (တရုတ်စကား)
  • Philippines - Sampaguita Jasmine (Arabian Jasmine) (စံပယ်)
  • Cambodia - Rumdul (Mitrella Mesnyi)
  • Indonesia - Moon Orchid or Angrek bulan (Phalaenopsis Amabilis) (သစ်ခွ)
ဒါနဲ့  ဟိုတနေ့ က အလုပ်က တစ်ယောက်က နင်တို့  National Flower ကဘာလဲ လာမေးတာနဲ့  ပိတောင်ပန်းပုံတွေကို အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ပြလိုက်ရတယ်။ တခါမှ မမြင်ဖူးဘူး ပြောနေလို့  စင်္ကာပူမှာ အဲဒီအပင်တွေ အများကြီးပဲ၊ Orchard လမ်းမပေါ်မှာ လည်း အပင်ကြီးတွေ ရှိတယ်၊ တခြားနေရာတွေမှာလည်း အများကြီးပဲ မသိဘူးလားဆိုတော့ မသိဘူးတဲ့။ Orchard မှာ အပင်ကြီးတွေရှိတာ သိတယ်၊ သူဘာအပင်မှန်း မသိဘူးတဲ့။ ညံ့လိုက်တာလို့  မပြောလိုက်ပါဘူး။ ပြောတော့ ပြောချင်တာပေါ့။ ပြောလို့  ပြောတာ မဟုတ်ဘူး၊ ဒီကလူတွေ သဘာဝ ပတ်ဝန်းကျင် ပန်းပင်တွေကို စိတ်ဝင်စားတာ အတော်လေး နည်းတယ်။ ကျွန်မ တွေ့ ဖူးသလောက်ပေါ့။ ကျွန်မ တစ်ခါတလေ သူတို့ နဲ့ အပြင်သွားရင်း မြန်မာလို ခေါ်တာပဲ သိပြီး အင်္ဂလိပ်လို ဘယ်လိုခေါ်လည်း မသိတဲ့ အပင်တွေတွေ့ လို့  ၊ အပင်နာမည် သိချင်လို့  မေးရင် သူတို့ မသိဘူးလို့  ဖြေတာများတယ်။ ဘယ်လို သိလဲ၊ တရုတ်လို သိလားဆိုလဲ မသိဘူး ဆိုတာပဲ။ စင်္ကာပူရီယမ်း မဟုတ်တဲ့ သူတွေ စီကတော့ တခါတလေ အဖြေရတယ်။

ရေးရင်း ဘယ်ရောက်သွားမှန်းမသိဘူး။ ဟို National Flower အကြောင်းလာမေးတဲ့ စင်္ကာပူရီယမ်း တရုတ်မကို့  ပိတောက်ပန်းအကြောင်း နည်းနည်း ပြောပြဖြစ်တယ်။ တို့ နိုင်ငံမှာဆို အဲဒီအပင်က ပန်းပွင့်ပြီးဆို တစ်ပင်လုံး ၀ါထိန်နေအောင် ပွင့်တာ၊ လှသလား မမေးနဲ့ ၊ အနံ့ ကလည်း အရမ်းမွှေးတယ်၊ တစ်နှစ်မှာ တစ်ရက်တည်း ပင်လုံးကျွတ်ပွင့်တာ ( တချို့ အပင်တွေ ဒီမှာလိုပဲ နည်းနည်းချင်း ပွင့်တာရှိတတ်တာ မပြောလိုက်ဘူး :D) ၊ ဗမာနှစ်ကူး အချိန်မှာမှ ပွင့်တာ ဆိုပြီး ပြောလိုက်တာ တအံ့တသြနဲ့  နားထောင်သွား ရှာတယ်။ ပြီးတော့ ပုံတွေပြပါအုံးဆိုလို့  အင်တာနက်ပေါ်က ပန်းပုံတွေရှာပို့ လိုက်ရသေးတယ်။ အခု ရေးနေရင်းမှ စဉ်းစားမိတယ်။ နွေရာသီ ဧပြီလမှာ ရွာတဲ့မိုး၊ နှစ်သစ်ပွဲအတွက် ရွာတဲ့မိုး၊ နှစ်သစ်ကူး မိုးရွာပြီး နောက်တစ်ရက်မှာ ပွင့်တယ်ဆိုတာ ထည့်ပြီး မပြောလိုက်ရဘူး။ လိုသွားတယ်။

အင်တာနက်ပေါ်က ကျွန်မကြိုက်တဲ့ ပိတောက်ပန်းပုံ တချို့ ...

Photo Source: Flintz (Flickr)


Photo Source: MgMinThu (Flickr)

Photo Source: MgMinThu (Flickr)

ဒီအောက်ပုံကတော့ စင်္ကာပူက ပိတောက်၊ ဒီနိုင်ငံမှာလည်း ပိတောက်ပန်းရှိကြောင်း ဟို အလုပ်က တစ်ယောက် သိအောင် ပြလိုက်တယ်။
Photo Source: YeTun (Flickr)

ဓာတ်ပုံတွေ ရိုက်ပြီး တင်ပေးထားတဲ့ သူအားလုံးကို ကျေးဇူးတင်တယ်။ ဒီပုံတွေကြောင့်သာ ပိတောက်ပန်း ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ကြောင်း ပြလိုက်နိုင်တာပါ။

အဲဒီတစ်ယောက်က ဆက်မေးလို့  ပိတောက်ပင် အကြောင်း နည်းနည်း ရှင်းပြဖြစ်တယ်။ ပိတောက်ပန်း အပြင်၊ ပိတောက်သားရဲ့ အသုံးဝင်ပုံ၊ ပိတောက်သား ပုံတွေလည်း ပြဖြစ်တယ်။ ပိတောက်သားဆိုလို့  ပိတောက် ကျီးပေါင်းသားနဲ့  လုပ်ထားတဲ့ စားပွဲတစ်ခု ကျွန်မတို့ ငယ်ငယ်က အိမ်မှာ ရှိတယ်။ စားပွဲက အ၀ိုင်း။ ဆက်ရာမရှိဘူး။ ဘေးက အချွန်အချွန်တွေ ဖြစ်နေတာ။ အကွက် အကွက်တွေနဲ့  အရမ်းလှတယ်။ ဒါကြောင့် အဲလို ပုံစံတွေကို လိုက်ရှာပြဖြစ်တယ်။ ဒါတော့ သူက သိတယ်။ မြင်ဖူးတယ်၊ လှတယ်တဲ့။ ပိတောက်ကို အရင်က "Rosewood" လို့ ပဲသိခဲ့တာ၊ အဲဒီတစ်ယောက်ကို ရှင်းပြရင်း သိချင်လာလို့  နည်းနည်း လိုက်ရှာကြည့်မှာ ပိတောက်ပင်ဟာ ဖိလစ်ပိုင်တွေ အတွက် National Tree ဖြစ်နေမှန်း သိလိုက်ရတယ်။ National Flowers တော့ မဟုတ်ဘူး။ နောက်ပြီး ပိတောက်ပင်ဟာ ထိုင်းနိုင်ငံက Chonburi နဲ့  Phuket အတွက်ဆို Provincial Tree လို့ လည်း သိလိုက်ရပါတယ်။

ပိတောက်ကို တခြားနိုင်ငံတွေမှာ ဘယ်လိုခေါ်လည်း သိချင်တယ်ဆို မှတ်ထားဖို့။ ဒါလေးတွေ သိထားတော့ တစ်ယောက်ယောက်ကို ရှင်းပြတဲ့အခါ ပိုလွယ်တာပေါ့။

Narra (Philippines)
Sonokembang (Indonesia)
Angsana or Sena (Indonesia, Malaysia and Singapore)
Tnug (Cambodia)
Pradu (Thailand)

ပိတောက်ပင်တွေကို Pterocarpus indicus လို့ ခေါ်တယ်။ မြန်မာပြည်က ပိတောက်ကတော့ Pterocarpus macrocarpus။ macrocarpus က indicus ထက်ပိုပြီးမာကျောတယ်တဲ့။ သစ်သားကို ပြောတာထင်တယ်။ ဒါကတော့ ၀ီကီမှာတွေ့ တာ။

ပိတောက်ပင်တွေ ပင်းလုံးကျွတ်ပွင့်ပြီးဆို အရမ်းမွှေးတာပဲ။ ငယ်ငယ်က နေခဲ့တဲ့ အိမ်မှာ ပိတောက်ပင်ကြီးရှိတယ်။ အပွင့်ကြီးမျိုး။ ပိတောက်မှာ အပွင့်ကြီး အရောင် နည်းနည်းဖျော့တာနဲ့  အပွင့်သေး အရောင်နည်းနည်းရင့်တာ နှစ်မျိုးရှိကြောင်း သတိထားမိတယ်။ ပိတောက်တွေဖူးလာပြီဆို အရမ်းသဘောကျတာ။ တစ်ရက်မိုးရွာပြီးလို့  နော်ကတစ်ရက် မနက်မိုးလင်းပြီဆို အပင်ကိုကြည့် စရာမလိုဘူး၊ အိပ်ယာ အနိုး မျက်လုံးတောင်မပွင့်သေးဘူး၊ ပိတောက်ပန်းနံ့ ကရနေပြီ။ အဲဒီအချိန်မှာ တချို့  ပိတောက်နံ့ မကြိုက်တဲ့သူတွေအဖို့ တော့ အတော်လေး နေရခက်မယ်။ ဘာပဲဖြစ်ဖြစ် ပိတောက်ပွင့်တဲ့အချိန်တွေကို သတိရနေတယ်...

copy from: http://naynaynaing.blogspot.com/2009/03/national-flower-burma-padauk.html

No comments:

Post a Comment

tell me somethings...!