Wednesday, April 6, 2011

Buzz's အမှတ်တရ

အလွမ်းတွေ ဖန်းတီးတက်တဲ့
အကွာအဝေးဆိုတာကို
ငါ တို့ ဘယ်အချိန်ထိ ခုခံနိုင်မလဲ
စောင့်ကြည့်ကြတာပေါ့ ...ချစ်သူရယ်...။ 
(Apr 1 2011)
ကောင်မလေး...ရေ
အလွမ်းတွေ အငွေ့ပျံတဲ့ ညတိုင်း
လမင်းကြီးပျောက်ပျောက်နေတာ
မင်း သတိထားမိပါရဲ့လား......။
ကောင်မလေး...ရေ
မင်းမသိလိုက်တဲ့ တိမ်တွေ မြေခတဲ့ ညက
အိမ်မက်ဆိုး တစ်ချို့ကြောင့်
ကောင်းကင်ကြီး အထီးကျန်သွားလေရဲ့။
နေမရှိပဲ နေ့ဖြစ်မလားပေမယ်
မင်း ရှိယုံ နဲ့ အမြဲလင်းနေတဲ့ ...ငါ့ အနာဂတ်။

ဘာသာပြန်မရတဲ့
အိမ်မက်တစ်ချို့
ဝိုးတိုးဝါးတားပေမယ့်
လှမ်းလျှောက်လာနေသူ .........ရေ
နုလုံးသားဦညွတ်လျက် အပြုံးတပွင့်လောက်
ဝေေ၀ဆာဆာလေး ဆက်သပါရစေလား........ချစ်သူ။

မိုးညလား ဆောင်းညလား
အလွမ်းတွေ ဒဏ်ရာဖြစ်ချင်ဖြစ်စေတော့
မနိုင့်တနိုင့် ဘ၀အမောတွေနဲ့
ချစ်ခြင်းတစုံတော့ ပွေ့ပိုက်ထားလေရဲ့
ကမ်းလင့် လက်တစ်စုံနဲ့
ကြင်နာ နွေးထွေးခွင့်တို့ ပေလှည့်ပါလား.........ချစ်သူ။

ဒီတောင်ဖြိုဆို ပြာမှုံဖြစ်လောက်ရယ်နဲ
တူမတူအောင် စွမ်းပါတဲ့
မောင့် လက်ရုန်းတစ်အားပေမို့.
စေညွန်ရာ ဝေဟင်ဝယ် တိုက်အိမ်ဆာက်ရအောင်
ကဲ ... အုပ်ခဲလေး ရွက်လိုက်ပါဦး။ 
 
ချစ်သူရေ...
ညတိုင်းကြယ်တွေ ကြွေတာဘာများ ထူးဆန်းလို့လဲနော်...
ဒါပေမယ့်........
ဧပရယ် နွေနေ့လည်ခင်း တစ်ချို့မှာလည်း
ကြယ်တွေကြွေတယ်ဆိုတာ ...ချစ်သူမြင်ခွင့်ရတော့မှာပါ...။
 
တိမ်တိုက်တွေ လိုက်စုနေတယ်
ချစ်မိုးတွေ စွေဖို့ပါ။
သစ်ရွက်ကြွေတွေလည်း စုထားတယ်
အလွမ်းတွေ သက်သေတည်ဖို့ပါ။
ချစ်သူ နွေရောက်နေပြီနော်...
သစ်ရွက်ကြွေတွေနဲ့ မိုးတိမ်တစ်ချို့တွေ့ခဲ့ရင်...
အရမ်းလွမ်းနေတယ် ဆိုတာလေး သတိရပေးပါ...။
 
သက်ပြင်းတွေ အခါခါကျ
လရောင်မရတဲ့ လွမ်းမရပ်တဲ့ ညတွေ
နွမ်းလျှပေမယ့် တမ်းတ၍ပင်ပြုံးမိသေးသည် ...။ (အဝေးမှ ချစ်သူသို့) by တေတေ စနေ...။ :D